🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်မဆောင်ခင်တည်းက နို့တိုက်ဖို့ ပြင်ကြမယ်

ကလေးမွေးပြီး နို့တိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။ သားဦးမေမေတွေဆို ပိုတောင် လိုပါသေးတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားကပိုကြီးလာလို့ သက်သောင့်သက်သာ မဖြစ်တာလည်း ပါပါတယ်။

နို့တိုက်ရတာလွယ်ပြီး အမေလည်း သက်သောင့်သက်သာဖြစ်စေဖို့

−နို့တိုက်ခေါင်းအုံး ဝယ်ထားပါ။

ကလေးကို ပွေ့ပြီး ကြာကြာတိုက်နိုင်ဖို့ ပေါင်ပေါင် တင်ပြီးတိုင်နိုင်ပါတယ်။ ရိုးရိုးခေါင်းအုံးတွေနဲ့လည်း ကွာပါတယ်။

−ကိုယ်နဲ့ တော်တဲ့ ဘရာဝတ်ပါ။

ရင်သားက တင်းနေတဲ့အခါကျတော့ ဘရာဆိုဒ် အံမဝင်ရင် နာနေနိုင်ပါတယ်။ ဘရာဆိုဒ်ကြီးကြီး ရင်သားကို ပင့်နိုင်တာမျိုး ဝတ်ပေးပါ။

−Breast pump ဝယ်ထားပါ။

စစချင်း နို့သိပ်မထွက်တာဖြစ်ဖြစ်၊ နို့ထွက်များပြီး ကလေးက လိုက်မစို့နိုင်လို့ ရင်သးတင်းနေတာ ဖြစ်ဖြစ် ပန့်လေးနဲ့ ညှစ်ထုတ်နိုင်ပါတယ်။ အလုပ်သွားမယ်ဆိုရင်လည်း နို့ကို ညှစ်ပြီး သိမ်းထားခဲ့လို့ ရပါတယ်။

−နို့တိုက်အင်္ကျီဝတ်ပါ။

ရင်ဘတ်မှာ ဇစ်ပါတဲ့ အင်္ကျီတွေလိုမျိုးပါ။ နို့တိုက်မယ်ဆိုရင် အင်္ကျီလှန်နေစရာ မလိုတော့ပါဘူး။ အပြင်သွားလို့ နို့တိုက်မယ်ဆိုရင်လည်း လုံလုံခြုံခြုံတိုက်နိုင်ပါတယ်။

−Breast pad

Breast padက နို့ယိုစိမ့်တာရော နို့သီးခေါင်းနာတာအတွက်ရောအတွက် သုံးနိုင်ပါတယ်။ ဘရာနဲ့ နို့သီးခေါင်းကြားမှာ ခံရတာလေးတွေပါ။

ဒါ့ပြင် နို့သီးခေါင်းနာတဲ့အခါ လိမ်းဖို့ ဆေးတွေလည်း ဝယ်ထားပါ။ နို့သီးခေါင်းမှာ လိမ်းမှာဖြစ်တဲ့အတွက် ကလေးအတွက် အန္တရာယ်မရှိတာမျိုး ဖြစ်ဖို့ လိုပါတယ်။

ကိုယ်ဝန်မဆောင်ခင်တည်းက နို့တိုက်ဖို့ ပြင်ကြမယ်ကိုယ်ဝန်မဆောင်ခင်တည်းက နို့တိုက်ဖို့ ပြင်ကြမယ်
0
1
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်