🔥 ရေပန်းစားသောအကြောင်းအရာ

မေမေတို့ ကိုယ်ဝန်ဆောင်ကာလ ၉ပတ်မြောက်မှာ သိသင့်တာတွေက ဘာလဲ

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

၉ပတ်တောင်ရှိလာပြီနော်။ ကလေးလေးရဲ့ကြီးထွားနှုန်းက ပိုမြန်လာပါပြီ။ အခုဆို စပျစ်သီးအရွယ်၂၈ ဂရမ် ၂.၅၄ စင်တီမီတာလောက် ရှိနေပါပြီ။ နှလုံးလေးကလည်း ဖွံ့ဖြိုးတာပြီးခါနီးနေပါပြီ။ အခန်း၄ခန်းပြည့်သွားပါပြီ။ အဆို့ရှင်လေးတွေလည်း ပေါ်လာလို့စပြီး ခုန်နေပါပြီ။ မေမေတွေ ဒီတိုင်းနားထောင်လို့ မကြားနိုင်ပေမယ့် ဒေါ်ပလာလို့

ခေါ်တဲ့စက်တစ်မျိုးနဲ့ဆို ကြားနိုင်ပါတယ်။ ဆရာဝန်က ကလေးရဲ့ နှလုံးခုန်သံကြားဖို့ဒီစက်ကို သုံးပါတယ်။ အဲဒီစက်နဲ့ နှလုံးခုန်သံကိုကြားရတဲ့အခါ မေမေတို့ရဲ့ကလေးလေးတစ်နေ့တစ်ခြား ကြီးပြင်းလာပြီဆိုတဲ့ စိတ်တဲ့ပျော်နေမိကြမှာပါ။


ခန္ဓာကိုယ်မှရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

သူငယ်ချင်းတော်တော်များများက ကိုယ့်ကိုကိုယ်ဝန်ကပိုချောလာစေတယ်လို့ပြောကြပါလိမ့်မယ်။ ဖြစ်နိုင်ပါတယ်။ ကလေးလေးကို အထောက်အပံ့ပေးဖို့ခန္ဓာကိုယ်က သွေးစီးဆင်းမှု ပိုကောင်းလာလို့ပါ။ အဲဒါကြောင့် သွေးတွေက အရေပြားဆီရောက်လာပြီး နီနီရဲရဲလေးဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ခေါင်းမူးတာ၊ အားနည်းပြီး မူးချင်သလိုဖြစ်တာ၊ အရမ်းပူလာတာ၊ ချွေးထွက်များတာလည်းဖြစ်နိုင်ပါတယ်။ ဒါမျိုးက ဖြစ်တတ်တာတွေပါ။

လေ့လာတွေရှိချက်တွေအရ ကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေမှာဆို သားအိမ်ဆီသွားတဲ့

သွေးလွှတ်ကြောမှာ သွေး ၁၀၀ မီလီလီတာရှိပါတယ်။ ကိုယ်ဝန်ဆောင်စချိန်ဆို တစ်မိနစ်ကို ၁၂၀ မီလီမီတာရှိပြီး မွေးခါနီးဆို တစ်မိနစ်ကို ၃၅၀ မီလီမီတာလောက်ထိ များလာပါတယ်။ မူးလာသလိုဖြစ်ရင် လှဲပြီးနားနေလိုက်ပါ။ ဂရုစိုက်ပေးကြပါနော်။

သိသင့်သိထိုက်တာလေးတွေ

ကိုယ်ဝန်ရှိနေပြီဆိုတာ သူများတွေကို စအသိပေးဖို့ဘယ်အချိန်က အသင့်တော်ဆုံးဖြစ်မလဲ။ လေးလလောက်ထိစောင့်တာ ကောင်းပါတယ်နော် ။အဲချိန်ဆိုကလေးလည်း

ပျက်ကျနိုင်ချေနည်းပြီး မြဲပါပြီ။ အောက်ကမေးခွန်းတွေကိုတော့ ပြင်ဆင်ထားသင့်ပါတယ်။


စိတ်ရှုပ်စရာတွေကို ခံစားနေရလား။

ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြသင့်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို သတိထားပြီး လုပ်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ်ဝန်ရှိတဲ့အကြောင်း ကြိုပြောထားတာ ပိုကောင်းပါတယ်။

မေမေတို့ ကိုယ်ဝန်ဆောင်ကာလ ၉ပတ်မြောက်မှာ သိသင့်တာတွေက ဘာလဲမေမေတို့ ကိုယ်ဝန်ဆောင်ကာလ ၉ပတ်မြောက်မှာ သိသင့်တာတွေက ဘာလဲ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
202
1

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်