🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ကာလ ၇ပတ်မြောက်အတွက် သိကောင်းစရာများ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်


ကြီးထွားနှုန်းကမြန်လာပါပြီ။ အခုဆို ဘလူးဘယ်ရီသီးအရွယ် ၁.၂၇စင်တီမီတာလောက်ရှိနေပါပြီ။ သန္ဓေသားလေးက လိုက်လျောညီထွေမှုရှိအောင် စပြီးကြိုးစားနေပါပြီ။ ဒီအပတ်မှာ မိခင်နဲ့သန္ဓေသားကို ဆက်ပေးတဲ့ချက်ကြိုးစပေါ်ပါပြီ။ ချက်ကြိုးက မေမေတွေရဲ့ခန္ဓာကိုယ်ကသွေးတွေနဲ့

သန္ဓေသားလေးကို အောက်ဆီဂျင်နဲ့အာဟာရ အထောက်အပံ့ပေးပါတယ်။ ကလေးလေးဆီက အညစ်အကြေးတွေလည်း ဖယ်ပေးပါတယ်။ အဆုတ်၊ ကျောက်ကပ်၊ အစာအိမ်အူလမ်းကြောင်းတွေက ဆက်ပြီး ဖွံ့ဖြိုးနေပါတယ်။ မျက်နှာပုံလည်း စပေါ်နေပြီနော်။ မေမေ၊ဖေဖေတွေနဲ့တူမယ့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားရွက်လေးတွေလည်း စဖြစ်နေပါပြီ။ သားသားမီးမီးတွေ ဘယ်သူနဲ့တူတယ်ဆိုတာ သိချင်နေလောက်ပြီပေါ့နော်။

နောက်လတွေအများကြီးလိုသေးတယ်ဆိုပေမယ့် သားသားမီးမီးတွေကို တွေ့ရတော့မှာပါ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ


ရင်သားပုံပြောင်းလာတာကို သတိထားမိကြရောပေါ့။ ကိုယ်ဝန်ဆောင်ချိန်ထွက်တဲ့ ဟော်မုန်းက ရင်သားကိုယောင်ပြီး တင်းလာစေလို့ပါ။ ရင်သားတစ်ဝိုက်မှာ သွေးစီးမှုကောင်းလာပြီး အဆီစစုလာလို့ပါ။ နို့သီးခေါင်းက ပိုပြူထွက်လာပြီး ညိုမဲနေတဲ့နေရာတစ်ဝိုက်ဆို အရောင်ပိုနက်ပိုကြီးလာပါမယ်။ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက် ဆက်ကြီးပြီး အရောင်လည်း ထပ်နက်လာဦးမှာပါ။ ဒီပြောင်းလဲမှုတွေက နို့တိုက်နိုင်ဖို့ဖြစ်လာတာတွေပါ။

သိသင့်သိထိုက်တာလေးတွေ


အခုထိတော့ ကိုယ်ဝန်ဆောင်ကာလ ၃ပိုင်းရဲ့ပထမပိုင်းမှာပဲ ရှိနေတုန်းပါ။ တစ်ခြားသူတွေကိုပြောပြဖို့တောင် စောနေပါသေးတယ်။ လျှို့ဝှက်ထားချင်တယ်ဆိုလည်း ရပါသေးတယ်။ သားအိမ်ကြီးလာလို့ဗိုက်ကအရှေ့ကို ထွက်ချင်မှထွက်ဦးမှာပါ။ တစ်ခါကိုယ်ဝန်ဆောင်ထားဖူးရင်တော့ အရင်ကဗိုက်ထက် ပိုကြီးမှာပါ။ ဒါပုံမှန်ပါပဲ။ ဗိုက်ကအရွတ်နဲ့ ကြွက်သားတွေက တစ်ခါ ဆွဲဆန့်ခံထားရပြီးသားမို့ ဆန့်အောင်လုပ်ဖို့

ပိုလွယ်သွားပါပြီ။ ဒါပေမယ့် ခါးနဲ့တင်ပါးနာတာကိုတော့ စောစောခံစားရတာပေါ့။

လျှို့ဝှက်ချက်ကို ဆက်ထိန်းထားချင်သေးရင်တော့ ချောင်ချောင်ချိချိရှိတဲ့ အင်္ကျီတွေ ဝတ်ကြပါနော်။ အဆင်သင်ဖြစ်တဲ့အခါမှ ပြောလည်းရပါတယ်။ လောစရာမလိုပါဘူး။

 ကိုယ်ဝန်ဆောင်ကာလ ၇ပတ်မြောက်အတွက် သိကောင်းစရာများ   ကိုယ်ဝန်ဆောင်ကာလ ၇ပတ်မြောက်အတွက် သိကောင်းစရာများ  
0
1
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်