🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ကာလ ၆ ပတ်မြောက်အတွက် မေမေတို့ သိထားသင့်တာတွေက..

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

အခုဆို သားသားမီးမီးလေးက ပဲစေ့အရွယ် ၆ မီလီမီတာလောက် ရှိနေပြီနော်။ ဒီ ၆ပတ်မြောက်မှာဆို ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းလေးတွေ ဖွံ့တာအရမ်းမြန်လာပါပြီ။ သန္ဓေသားလေးမှာပါတဲ့နောက် မျက်လုံးဖြစ်လာမယ့် အိတ်လေး၂ခုဆိုလည်း ဒီအပတ်မှာစဖွံ့ဖြိုးတော့မှာပါ။ လှိုင်းတွန့်လေးလိုဖြစ်နေတဲ့ လမ်းကြောင်းလေးကလည်း နားရွက်လေးတွေဖြစ်လာဖို့ စဖွံ့ဖြိုးပါပြီ။


နှလုံးလေးက အခုဆို စခုန်နေပါပြီ။ အာထရာဆောင်းနဲ့ နားထောင်ကြည့်လို့ ရပါတယ်။

အစာခြေအဖွဲ့အစည်းနဲ့ အသက်ရှူလမ်းကြောင်းတွေလည်း စပေါ်လာပါပြီ။ အဖုလေးတွေကနေ လက်လေးခြေလေးတွေအဖြစ် ပြောင်းလာပါပြီ။ လနဲ့ချီပြီး ခြေထောက်လေးတွေက ကိုယ်ကိုပတ်ပြီး လိမ်နေလို့ ကလေးလေးအရှည် ဘယ်လောက်ရှိမလဲကိုတော့

သိဖို့ခက်ပါတယ်။ အဲဒါကြောင့်မို့ သန္ဓေလေးကို ထိပ်ပိုင်းကနေ အဆုံးပိုင်းဆိုပြီးတော့ပဲ တိုင်းပါတယ်။ ခေါင်းကနေခြေဆိုပြီး မတိုင်းပါဘူး။ ထိပ်ပိုင်းကနေ အဆုံးပိုင်းက ဒီအပတ်မှာ ၂-၅ မီလီမီတာလောက်ရှိမှာပါ။


ခန္ဓာကိုယ်နဲ့ နေအထိုင်အပြောင်းအလဲလေးများ


ပြီးခဲ့တဲ့အပတ်ကထက် ကိုယ်ဝန်ရှိတဲ့ လက္ခဏာက ပိုသေချာလာမှာပါ။ မေမေတို့ရဲ့ခန္ဓာကိုယ်ကဆိုရင် သားသားမီးမီးတွေကို အာဟာရပေးနိုင်ဖို့ ကြိုးစားပြင်ဆင်နေပါပြီ။ ပုံမှန်ထက် အလုပ်ပိုလုပ်ရင် အရမ်းပင်ပန်းနွမ်းနယ်စေပါတယ်။ ဒီအခြေနေတွေကို

ဖြတ်ကျော်ရလွယ်စေမယ့် နည်းလမ်းလေးတွေ ဆက်ပြောပြပါရစေနော်။


• ခန္ဓာကိုယ်ကို ဦးစားပေးပါ။ ပင်ပန်းတယ်လို့ခံစားရတာက တကယ်နားဖို့ လိုနေလို့ပါ။ ကိုယ့်ကိုယ်ကို ချင့်ချိန်ပြီး ခန္ဓာကိုယ်ကို အရင်ဦးစားပေးကြပါနော်။ ကိုယ့်ကိုကိုယ်

တွန်းအားသိပ်မပေးကြပါနဲ့။ ညစ်ပတ်နေတဲ့ ဆေးကြောစရာတွေက ထွက်မပြေးပါဘူး။


• အကူအညီလိုရင်တောင်းပါ။ စူပါမေမေဖြစ်ဖို့ချည်းပဲ ကြိုးစားမနေပဲ အမျိူးသားကို ဘယ်လိုတွေခံစားနေရတာကို တိုင်ပင်ပေးကြပါနော်။ ဒါမှလဲ ဘာလိုနေတာလဲဆိုတာသိပြီး ကူညီပေးနိုင်မှာပေါ့။ မိဘနဲ့အပေါင်းအသင်းတွေက အကူအညီပေးလာတိုင်းလည်း လက်ခံကြပါလို့။ ဈေးဝယ်ထွက်တဲ့အခါ အထုတ်အပိုးတွေကို ကူသယ်ပေးမယ့်သူရှိတာက ညနေခင်းလမ်းထွက်လျှောက်ဖို့ အားအင်တွေကို ကျန်နေစေပါတယ်။


• ပိုပြီးအိပ်ကြပါ။ ခဏခဏအိပ်ငိုက်နေရင် စောစောအိပ်ရာဝင်တာဖြစ်ဖြစ် နောက်ကျမှထတာဖြစ်ဖြစ် လုပ်ပေးပါ နှစ်ခုလုံးလည်းရပါတယ်။


• မှန်မှန်စားကြပါ။ အားရှိအောင် အစားမှန်မှန်စားပေးဖို့လိုပါတယ်။ ပရိုတိန်းနဲ့

ကာဘိုဟိုက်ဒရိတ်ဒြပ်ပေါင်းတွေလိုမျိုး အင်အားကို အကြာကြီးထိန်းပေးထားတဲ့အစာမျိုးကို ပိုစားပေးကြပါ။ ကယ်လိုရီပမာဏပြည့်အောင်လည်း စားကြပါနော်။ အန်ချင်စိတ်ကြောင့် အစာစားချင်မှာတော့ မဟုတ်ပါဘူး။ ဒီတော့လွယ်လွယ်ကူကူစားနိုင်တာမျိုးကို

စားတာက အဆင်ပြေပါလိမ့်မယ်။ နို့ဆံပြုတ်တို့ ရွှေဖရုံသီးစွပ်ပြုတ်တို့လိုမျိုးပေါ့။

ဂျင်းနည်းနည်းထည့်စားပေးတာက မူးတာကို သက်သာစေပါတယ်။


• ခဏခဏစားပါ။ တစ်နေ့ကို နည်းနည်းစီ ၆ ကြိမ်လောက် စားလို့ရပါတယ်။ သွေးထဲကသကြားဓါတ်ကို ပုံမှန်ဖြစ်အောင်ထိန်းပေးထားရင် အင်အားတွေကို မလျော့စေနိုင်တော့ပါဘူးနော်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အင်အားရှိစေတဲ့ အစာတွေဆိုရင်တော့ အကောင်းဆုံးပေါ့။


• လှုပ်လှုပ်ရှားရှားနေပါ။ တစ်နေ့လုံး ဆိုဖာပေါ်မှာပဲ လှဲနေချင်တတ်ပါတယ်။ အင်အားရှိအောင်လှုံ့ဆော်ပေးမယ့် အားကစားလေး ဘာလေးတော့ လုပ်ပေါ့နော်။ လမ်းလေးဘာလေးလျှေက်တာတို့ မနက်ပိုင်းကို နာရီဝက်လောက်ရေကူးပေးတာတို့ပေါ့။ အားပိုရှိစေပြီးတော့ အိပ်လို့ကောင်းစေပါတယ်။


ဒါတွေလုပ်နေလျှက်နဲ့ ပင်ပန်းနွမ်းနယ်နေတာတွေ ပိုဆိုးလာတယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ကြပါ။ တစ်ခြားအကြောင်းအရာတွေကြောင့်လည်းဖြစ်တတ်လို့ ဆရာဝန်တွေကဘဲ ဘာလုပ်ရမလဲဆိုတာ ညွှန်ကြားနိုင်တာပါ။


သိသင့်သိထိုက်တာလေးတွေ


ဆီးခဏခဏသွားတာက ပုံမှန်ပါပဲ။ ကိုယ်ဝန်ဟော်မုန်းက ဆီးခဏခဏသွားစေလို့ပါ။ သူက ကလေးရော အမေရောမှာရှိတဲ့ အညစ်အကြေးတွေကို ဆေးကြောပေးဖို့ ကျောက်ကပ်ဆီသွားတဲ့ သွေးအားကောင်းစေပါတယ်။ အခုဆီးသွားတာ မေမေတစ်ယောက်တည်း မဟုတ်တော့ဘူးနော် သားသားမီးမီးလေးတွေပါ ပါပါတယ်။ သက်သာစေတဲ့နည်းလမ်းလေးတွေအကြောင်း ဆက်ပြမယ်နော်။


• အပေါ့သွားရင် အရှေ့ဘက်ကို နည်းနည်းလောက်စောင်းပေးပါ။ ဒီလိုမျိုးလုပ်တာ ဆီးတွေကိုဆီးအိတ်ထဲမှာ မကျန်နေတော့အောင်လို့ပါ။ ဆီးသွားပြီးသွားရင်နောက်တစ်ခါ ထပ်ညစ်ထုတ်ပေးပါ။ အဲဒီတော့ ဆီးအိတ်ကဆီးတွေလုံးဝမကျန်တော့ အပေါ့ခဏခဏမသွားရတော့ဘူးပေါ့။


• ရေမှန်မှန်သောက်ပေးပါ။ အပေါ့သွားမှာကြောက်ပြီး အရည်တွေ မသောက်ဘဲမနေပါနဲ့နော်။ မေမေရော သားသားမီးမီးတွေရော ကိုယ်ဝန်ဆောင်ကာလမှာ လုံလောက်တဲ့ ရေပမာဏရဖို့လိုပါတယ်။ ရေဓါတ်မလုံလောက်ရင်လည်း ဆီးလမ်းကြောင်းမှာ ရောဂါဖြစ်တတ်ပါတယ်။


• ကဖင်းဓါတ်ကို ချိန်ဆပြီးသောက်ပါ။ ကဖင်းဓါတ်သောက်သုံးတဲ့ပမာဏ နည်းလေကောင်းလေပါပဲ။ ကဖင်းဓါတ်ကဆီးပိုသွားစေတဲ့အပြင် နှလုံးခုန်နှုန်းကိုလည်း ပိုမြန်စေပါတယ်။ တစ်နေ့ကို ကဖင်းဓါတ်၂၀၀မီလီဂရမ်(၃၅၅မီလီလီတာခွက်နဲ့ တစ်ခွက်=၁၂အောင်စ)ထက် ပိုမသောက်ကြပါနဲ့နော်။ ခဏခဏဆီးသွားတာက စိတ်ကသိကအောင့်ဖြစ်စေပေမယ့် သန္ဓေသားရော မိခင်ဆီက အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။

ကိုယ်ဝန်ဆောင်ကာလ ၆ ပတ်မြောက်အတွက် မေမေတို့ သိထားသင့်တာတွေက..ကိုယ်ဝန်ဆောင်ကာလ ၆ ပတ်မြောက်အတွက် မေမေတို့ သိထားသင့်တာတွေက..
2
1
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်