ကိုယ်ဝန်ရနိုင်လား
အတူနေပြီး condomလဲ သုံးပါတယ်။ဒါပေမဲ့ condomက အခုမှ first time သုံးဖူးတာရယ် အခုမှ ပထမဆုံးအတူတူလိင်ဆက်ဆံဖူးတာကြောင့် condom စ
... ပိုမိုကြည့်ရှုရန်🔥 ရေပန်းစားသောအကြောင်းအရာ
ကိုယ်ဝန်ရှိမရှိ သိဖို့ အိမ်မှာ ဆီးစစ်တံနဲ့ စစ်ကြတယ်ဟုတ်။ ဆီးစစ်တံက မသုံးတတ်ရင် အဖြေမှားထွက်နိုင်တာကြောင့် ဘယ်လို သုံးရမလဲဆိုတာကို အဆင့်ဆင့်ပြောပြပေးမယ်နော်။
−အရင်ဆုံးတော့ ခွက်သန့်သန့်ထဲမှာ ဆီးသွားလိုက်ပါ။
-မနက်ပိုင်း အိပ်ရာနိုးနိုးချင်း သွားတဲ့ ဆီးကို ယူရင် ပိုကောင်းပါတယ်။
−ပြီးရင်တော့ ဆီးစစ်တံကို သူပြထားတဲ့ လိုင်းအထိ နှစ်လိုက်ရုံပါပဲ။
−တကယ်လို့ အတံမဟုတ်ဘဲ ကိုဗစ်စစ်သလို အပြားလေးဆိုရင်တော့ အစက်ချတံလေးနဲ့ အပြားလေးပေါ် တင်စစ်ပေးရမှာပါ။
−အများစုကတော့ ၁−၂မိနစ်လောက်ဆိုအဖြေသိရပါပြီ။ သုံးတဲ့ တံဆိပ်ပေါ် မူတည်ပြီး အဖြေဖတ်တဲ့အချိန် ကွာနိုင်ပါတယ်။
သတိထားရမယ့် အချက်တွေကတော့
−မသုံးခင်မှာ ကိုယ်ဝယ်လာထားတဲ့ တံဆိပ်ရဲ့ အသုံးပြုပုံအညွှန်းကို သေချာဖတ်ပါ။ တံဆိပ်ကွာရင် သုံးနည်းလည်း နည်းနည်း ကွာတတ်ပါတယ်။
−နောက်ပြီး Control line (C)ဆိုတာ ရှိပါတယ်။ ကိုယ်ဝန်ရှိမရှိ အဲ့ဒီလိုင်းက ထင်းနေရပါမယ်။ ဒါမှ ဆီးစစ်တံက မှန်မှာပါ။ ဒါကြောင့် ကိုယ်ဝန်ရှိတဲ့အခါ အဲ့ဒီလိုင်းရယ်၊ စစ်တဲ့လိုင်းရယ် နှစ်ချောင်းပေါ်နေတာပါ။
−လိုင်းတွေက မှိန်နေရင်၊ သိပ်မသေချာရင် နောက်တစ်ခါ ပြန်စစ်နိုင်ပါတယ်။
ဒီလောက်ဆိုရင် ဆီးစစ်တံ ဘယ်လိုသုံးရမလဲ သိလောက်ပါပြီ။
မှတ်ချက် 11ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
ခုကစပြီး သင်ပို့စ်တင်တာ၊ မှတ်ချက်ပေးတာတွေ လုပ်နိုင်ပါပြီ။
ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေဆီကနေ အကြံဉာဏ်များ ရယူနိုင်ပါပြီ။
သင့်အကြံပြုချက်လိုနိုင်တဲ့ သူတွေအတွက် အတွေ့အကြုံများကို မျှဝေပေးပါ။
အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွပါဝင်ပြီး ပွိုင့်တွေစုခြင်းအားဖြင့် အဖွဲ့အစည်း ကိုယ်စားလှယ်ဖြစ်နိုင်ပါပြီ။
ရာသီလာရက်မတိုင်ခင် ကောင်လေးကလက်နဲ့ပဲပြုလုပ်ခဲ့ပါတယ် အခုရာသီလာရက်မှာ
ရာသီလာတာမျိုးနဲ့ မတူပဲ သွေးအညိုရောင် အခဲလေးတွေပဲ အနည်းငယ် ဆင်းနေတာ ဘာလို့လဲဆရာ ကိုယ်ဝန်ရှိတဲ့လက္ခဏာဖစ်နိုင်လား ဆရာ
ဆီးစစ်တံကို မနက်ပိုင်းမှာစစ်ဖို့ အဆင်မပြေတာကြောင့် တခြားအချိန်တွေမှာ စစ်ရင်ရော အဖြေမှန်လားရှင့်
ဆရာရှင့်သမီးချစ်သူနဲ့5လပိုင်း31ရက်ကတူတူနေခဲ့ပါတယ်အကာကွယ်လည်းသုံးခဲ့ပါတယ်periodလာခံနီးတစ်ပတ်အလိုရက်ရှောင်နည်းကိုလည်းအသုံးပြုခဲ့ပါတယ်ပုံမှန်ဆိုရင်လကုန်7/8/9ရက်ဆိုရင်လာနေကျပါအခု13ရက်နေ့အထိperiodမလာသေးတော့ဘာကြောင့်လဲဆိုတာသေသေချာချာသိရအောင်ဘယ်လိုလုပ်ရမလဲရှင့်
ဆရာရှင့် ဒီလ ၈ ရက်နေ့က hs ဖြစ်ခဖြ့ပြီး ဆီးစစ်ကြည့်ေတာ့ result က negative ပါရှင့် ဒီလ ၁၄ ရက်မှာ period ဖြစ်ရမှာပခုမယ့် ချိန်ထိ period ကမဖြစ်သေးပါဘူးရှင့် ဆီးလမ်းကြာင်းပိုးဝင်တဲ့ sign တွေလည်းရှိတာမို့ ဆီးလမ်းကြာင်းပိုးဝင်ရင်ရော period မလာတာမျိုးဖြစ်တတ်လားရှင့် ဘာဆက်လုပ်သင့်လဲေဘာဆက်လုပ်သင့်လဲဆရာရှင့်
ဆီးစစ်တံက sexပြီးဘယ်ပတ်လောက်ကြာရင်စစ်လို့ရတာလဲ
တရက်ထဲ ၄ခါစစ် ၄ခါလုံး lineမှိန်မှိန်လေးပေါ်ရင် positiveလားnegativeလားရှင်
ရာသီရက်တော့မကျော်သေးပါဘူး
Decအစောပိုင်းအတူနေတုန်းက Cမသုံးဘဲ Epillတော့ သုံးရက်မြောက်နေ့မနက်ပိုင်းမှာသောက်ထားပါတယ်