အချင်းရှေ့ရောက်တယ်ဆိုတာဘာလဲ...?
လနုစဉ်မှာ အချင်းက ပုံမှန် သားအိမ်အောက်ခြေမှာရှိပါတယ်။ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ အချင်းက အပေါ်ကို တက်လာပြီး သားအိမ်ထိပ် ဒါမှမဟုတ် ဘေးနံရံမှာ တွယ်ရပါတယ်။ ဒါမှကလေးက လွတ်လွတ်လပ်လပ်ကြီးထွားနိုင်မှာပါ။ အပေါ်တက်မလဲဘဲ သားအိမ်အောက်ခြေမှာဆက်ရှိနေရင် ဒါကို အချင်းရှေ့ရောက် တယ်လို့ခေါ်ပါတယ်။
ကိုယ်ဝန်ဆောင် ၂၀၀ မှ ၁ ယောက်ဖြစ်နိုင်ပါတယ်။
သားအိမ်မှာ အရင်က ကလေးမွေးထားဖူးလို့ပဲဖြစ်ဖြစ်၊ ဖျက်ချထားလို့ပဲဖြစ်ဖြစ်၊ ဗိုက်ခွဲမွေးစဉ်မှာ ကိရိယာတစ်ခုနဲ့ ထိခိုက်မိထားလို့ဖြစ်ဖြစ် scar tissue လို့ခေါ်တဲ့ အမာရွတ်ကျန်နေတဲ့အခါမျိုးတွေမှာ အချင်းရှေ့ရောက်တာတွေပိုဖြစ်နိုင်ပါတယ်။ အချင်းရှေ့ရောက်ခြင်းကြောင့် သွေးထွက်လွန် နိုင်ပြီး မိခင်နဲ့ ကလေးကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။