Lydia Fine ပုံမှန်သန္ဂေတားဆေး

ဆရာမရေ ကျွန်မလေ Lydia Fine တားဆေးကို 1ရက်နေ့ကနေစပြီး ဆေးစသောက်ဖြစ်ပါတယ် ဒီနေ့နဲ့မှ 4ရက်ပဲရှိပါသေးတယ်။ ဆေးက 1ရက်နဲ့ 2ရက်ကို ညပိုင်း 10နာရီ 15မိနစ်/18မိနစ် မပျက်အောင် သောက်ပါတယ်။ 3ရက်နေ့ တစ်နေ့ပဲ ည12နာရီကျော်မှ သောက်ဖြစ်မိသွားတာပါ။4ရက်နေ့ကျ 10နာရီ 20မိနစ်လောက်ရအောင် သောက်လိုက်ပါတယ်။ 5ရက်ကို 10နာရီ 40 မိနစ်မှာသောက်ပါတယ်။ 5ရက်စလုံးပုံမှန်အတိုင်းပါပဲ။တစ်ခါတလေ ခေါင်းကိုက်တာမျိုး ခေါင်းမူးတာမျိုး ရင်ပြည့်တာမျိုးတော့ ဖြစ်ပေမဲ့ အရမ်းဆိုးဆိုးဝါးဝါးမဖြစ်ပါဘူး။ ဒီနေ့မှ ရာသီလာခါနီးဖြစ်လေ့ရှိတဲ့ မိန်းမကိုယ်အောက်ဘက်ကနေ ကျဥ်တက်လာတာမျိုး ဖြစ်နေလို့ပါ။ တစ်ချက်တစ်ချက် တော်တော်ကျဥ်တက်လာပါတယ် အောက်ကနေ အပေါ်ဗိုက်နားအထိပါ။ ဆေးသောက်ရင် ရာသီမလာဘူးလို့ပဲသိထားတာပါ။ အခုက ရာသီလာရင် ဖြစ်နေကျပုံစံမျိုး ဒီနေ့မှ ဖြစ်လာလို့တော်ကြာဆေးသောက်တာ တစ်ခုခုလွဲနေမှာဆိုးလို့ ဆရာမကိုမေးကြည့်တာပါ။ ဆေးရဲ့ အရှိန်ကြောင့်ပဲ ပုံမှန်အတိုင်းဖြစ်တာလား ဒါမှမဟုတ် ဆေးနဲ့ မတည့်လို့ပဲလား တစ်ချက် ပြောပြပေးဦးရှင့်။ ပျို့အန်တာမျိုးတော့မဖြစ်ပါဘူး။ ပုံမှန်ရာသီလာတဲ့ ရက်က 5ရက် 6ရက်ဆိုလာပါတယ်။ စိတ်ချရအောင် 1ရက်နေ့ကနေစသောက်လိုက်တာပါ။ ဆေးက ဆက်သောက်လို့ ရရဲ့လားရှင့်။ တစ်ခုခုဖြစ်မှာဆိုးလို့ပါ။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
6

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်