တားဆေး

မင်္ဂလာပါ ဆရာမရှင့်။ ပုံမှန်သန္ဓေတားဆေးကို အခုမှစသောက်မှာမလို့ ဘယ်ဆေးအမျိုးအစားကိုသောက်ရမလဲမသိဘူးဖြစ်နေလို့ပါ။ ဘယ်ဆေးအမျိုးအစားက side effect နည်းပြီး ပိုသင့်တော်မလဲသိချင်လို့ပါ။ အသက်က 23ပါ။ ပေါင်က 142lb ပါ ဆရာမရှင့်။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
15
6

မှတ်ချက် 6ခု

အရင်ဆုံးတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဝယ်ရလွယ်ပြီး ကိုယ်လည်း စျေးတတ်နိုင်တဲ့၊ မြန်မာ FDA ရထားတဲ့ brandကို ရှာဝယ်သောက်ပါ။

တားဆေးတွေမှာ generation တွေ အမျိုးမျိုးရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်ပုံချင်း မတူတာကြောင့် သူများနဲ့ အဆင်မပြေပေမယ့် ကိုယ်နဲ့ အဆင်ပြေတာ၊ သူများက ကောင်းတယ်ဆိုပေမယ့် ကိုယ်နဲ့ အဆင်မပြေနိုင်တာတွေ ရှိလို့ပါ။

လွန်ခဲ့သော 4 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Dr Htet Htet Zaw Win

ဆရာမရေ ကျွန်မလေ ဒီလ1ရက်နေ့ကနေစပြီး ဆေးသောက်ဖြစ်ပါတယ် ဒီနေ့နဲ့မှ 4ရက်ပဲရှိပါသေးတယ်။ ဆေးက ညပိုင်း 10နာရီ 15မိနစ်/18မိနစ် မပျက်အောင် သောက်ပါတယ်။ 3ရက်နေ့ တစ်နေ့ပဲ ည12နာရီကျော်မှ သောက်ဖြစ်မိသွားတာပါ။4ရက်နေ့ကျ 10နာရီ 20မိနစ်လောက်ရအောင် သောက်လိုက်ပါတယ်။ 4ရက်စလုံးပုံမှန်အတိုင်းပါပဲ။

တစ်ခါတလေ ခေါင်းကိုက်တာမျိုး ခေါင်းမူးတာမျိုး ရင်ပြည့်တာမျိုးတော့ ဖြစ်ပေမဲ့ အရမ်းဆိုးဆိုးဝါးဝါးမဖြစ်ပါဘူး။ ဒီနေ့မှ ရာသီလာခါနီးဖြစ်လေ့ရှိတဲ့ မိန်းမကိုယ်အောက်ဘက်ကနေ ကျဥ်တက်လာတာမျိုး ဖြစ်နေလို့ပါ။ တစ်ချက်တစ်ချက် တော်တော်ကျဥ်တက်လာပါတယ် အောက်ကနေ အပေါ်ဗိုက်နားအထိပါ။ ဆေးသောက်ရင် ရာသီမလာဘူးလို့ပဲသိထားတာပါ။ အခုက ရာသီလာရင် ဖြစ်နေကျပုံစံမျိုး ဒီနေ့မှ ဖြစ်လာလို့

တော်ကြာဆေးသောက်တာ တစ်ခုခုလွဲနေမှာဆိုးလို့ ဆရာမကိုမေးကြည့်တာပါ။ ဆေးရဲ့ အရှိန်ကြောင့်ပဲ ပုံမှန်အတိုင်းဖြစ်တာလား ဒါမှမဟုတ် ဆေးနဲ့ မတည့်လို့ပဲလား တစ်ချက် ပြောပြပေးဦးရှင့်။ ပျို့အန်တာမျိုးတော့မဖြစ်ပါဘူး။ ပုံမှန်ရာသီလာတဲ့ ရက်က 5ရက် 6ရက်ဆိုလာပါတယ်။ စိတ်ချရအောင် 1ရက်နေ့ကနေစသောက်လိုက်တာပါ။ ဆေးက ဆက်သောက်လို့ ရရဲ့လားရှင့်။

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း သောက်မယ်ဆိုရင် ရက်ရှောင်စရာမလိုပါ။ သောက်ပြီးတာနဲ့ နေလို့ ရပါတယ်။

၅ရက်ကျော်သွားမှ စသောက်ရင်တော့ တစ်ပတ် ရက်ရှောင်ဖို့ လိုပါတယ်။ တစ်ပတ်ဆက်တိုက်သောက်ပြီးမှ အကာအကွယ်မဲ့ အတူနေလို့ ရပါမယ်။ တစ်ပတ်မပြည့်ခင် အတူနေမယ်ဆိုရင် ကွန်ဒုံးသုံးဖို့ လိုပါတယ်။

နေ့စဉ် တစ်နေ့တစ်လုံးပုံမှန်သောက်ရပါမယ်။ အချိန်မှန်သောက်နိုင်ရင်ပိုကောင်းပါတယ်။

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Dr Htet Htet Zaw Win

ဟုတ်ကဲ့ပါဆရာမရှင့် ဆေးသောက်နည်းလေး တစ်ချက်လောက် ပြောပြပေးလို့ ရမလားရှင့်။ နည်းလမ်းတိတိကျကျကိုမသိလို့ပါ။ Utube တို့ Facebook ကနေတော့ သောက်နည်းတွေကိုကြည့်ရတာ ရှုပ်နေလို့ပါ။ တစ်နေ့တစ်လုံးပုံမှန်သောက်ရင် ရတယ်မလားရှင့်။

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရပါတယ် ဆေးေသာက်နည်း သိသလား

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
ပြန်လည်ဖြေကြားချက် 1ခုကို ဆက်ကြည့်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်