ဒုတိယလ ရာသီကိစ္စ

အရေးပေါ်တားဆေးသောက်တဲ့ ပထမလမှာ ပုံမှန်ရက်ထက် တရက်စောလာပိး ရာသီနည်းနည်းစီ သုံးရက်လာတယ်။(ပုံမှန်လာတယ်ပြောရမာပေါ့) ဒါပေမဲ့ ခု ဒုတိယလမာ အရည်ဖြူ နှစ်ခေါက် သုံးခေါက်ဆင်းပိး ရာသီပုံမှန်လာရမယ့် ရက်ပြည့်သွားတာတောင် ရာသီမလာပဲဖစ်နေတယ် ရာသီလာမယ့် လက္ခဏာလဲမပြဘူး ဒါပေမဲ့ ရာသီလာမယ့်ရက် မပြည့်ခင် တပတ်အလိုမာတော့ ရင်သားတွေနို့သီး ခေါင်းတွေ အရောင်ပိုမဲလာပြီး ကြိးလာတယ်တဲ့ နာတာတော့မရှိပြန်ဘူး ခုကတော့ အဲ့နို့သီးကိစ္စပုံမှန် ပြမ်ဖစ်နေပေမဲ့ မိန်းမအင်္ဂါ ကတော့ သိသိသာသာ အရောင်မဲလာတာတော့ ဖစ်နေတယ်ခုထိရာသီမလာသေးလို့။ အဖြူပဲ ဆင်းနေတယ်ဒေါက်တာ ဘယ်လိုအခြေနေပါပဲ ကျေးဇူးပြု၍ ဖြေပေးနိုင်မလား။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
25
6

မှတ်ချက် 6ခု

ဆေးသောက်ထားရင်တော့ ရာသီမမှန်တာဖြစ်တတ်ပါတယ်။

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

Hello ဒေါက်တာရာသီလာမယ့်ရက်ကျော်ပီး ၆ရက်မြောက်နေ့မှာ ရာသီလာတာ စောင့်ကြည့်တာ သုံးရက်ထိကတော့ မများမနည်းနဲ့ လာပါတယ် ခု ၃၁ရက်နေ့ ဆိုရင် လေးရက်မြောက်နေ့မှာ တော့ ရာသီလာတာ ပိုနည်းသွားပိး ပီးတော့မယ်ထင်တယ်ဒေါက်​တာ အခြေနေက ဖေဖော်ဝါရီလက သောက်တဲ့ အရေးပေါ်တားဆေးကြောင့် ဒုတိယလမှာ ရာသီလာတာ နောက်ကျတာ ဖစ်နိုင်ပါသလားဒေါက်တာ အခြေနေသိချင်လို့ပါ

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

နောက်ရက်တွေ စောင့်ကြည့်ပါဦး

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

Dr Htet Htet Zaw Win

အတူနေထားတာမျိုးမရှိတော့ပါဘူး။ ရာသီကမလာတာပါ အဖြူ ဆင်းတယ်ပဲ ပြောနေတာပါ။ ဒိနေ့တော့ ရာသီ လာလို့လာမှန်းမသိပဲ နေရထိုင်ကခက်လို့ကြည့်တာ သေးသေးလေး ဆင်းလာတယ်ပြောတယ်။

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တချို့တွေမှာတော့ ဖြစ်တတ်ပါတယ်။ ဆေးကြောင့် မဟုတ်ဘဲ စိတ်ဖိစီးမှုများရင်၊ အလွန်အကျွံဝိတ်လျှော့ထားရင်၊ အားကစားအပြင်းအထန်လုပ်ထားရင်လည်း ဖြစ်တတ်ပါတယ်။

ဆေးသောက်ပြီးနောက်ပိုင်း အတူနေထားတာမျိုး ရှိသေးလား။

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
ပြန်လည်ဖြေကြားချက် 1ခုကို ဆက်ကြည့်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်