🔥 ရေပန်းစားသောအကြောင်းအရာ

ဂျူးဒိတ်က အရေးကြီးသလား။

ဒီအပတ်ထဲမှာ ကိုယ်ဝန်ဆောင်အဖွဲ့အစည်းကနေ မေမေတို့ရဲ့ မမွေးသေးတဲ့ ကလေးလေးအတွက် မုန့်ဖိုးပေးဖို့ အစီအစဉ်ရှိတယ်နော်။

ဂျူးဒိတ်လေး တွက်ပြရုံနဲ့ ရမှာဆိုတော့ ဘယ်လိုလုပ်ရမလဲဆိုတာကို https://hellosayarwon.com/community/pregnancy/pregnancy-25627/ ဒီထဲမှာ ကြည့်လိုက်ဦးနော်။


ကဲ ဒီနေ့ ဂျူးဒိတ်အကြောင်း နည်းနည်းပြောပြမယ်နော်၊ ဂျူးဒိတ်ဆိုတာက ကလေးလေး ဘယ်တော့မွေးမလဲဆိုတာကို တွက်ချက်တာပေါ့နော်။

ဂျူးဒိတ်ကို သင်္ချာနည်းနဲ တွက်လို့ရသလို အယ်ထွာဆောင်းတွေ၊ ခုလိုမျိုး ကိရိယာလေးတွေကနေ အလွယိတကူ တွက်လို့ ရပါတယ်။

ဂျူးဒိတ်က မွေးမယ့်ရက်တင် မဟုတ်ဘဲ ကိုယ်ဝန်ဘယ်နှပတ်ရှိနေပြီလဲဆိုတာကိုပါ သိနိုင်ပါတယ်။

ဒါက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျူးဒိတ်ကိုသိမှ

−ကလေးက ကိုယ်ဝန်ပတ်အလိုက် ကောင်းကောင်းဖွံ့ဖျြိးရဲ့လား၊

−ကလေးက ပေါင်ပြည့်ရဲ့လား၊

−ကလေးလေးက ဘယ်တော့မွေးမှာလဲ၊

−ဒါဆို မွေးခါနီးရင် ကြိုပြင်ရတော့မှာလေ၊

−ကလေးလေးက လစေ့ပြီးမှ မွေးတာလား ဒါမှမဟုတ် မွေးဖို့ ရက်ကျော်နေပြီလားဆိုတာ သိနိုင်သလို

ကိုယ်ဝန်လအလိုက် ဘယ်လိုကျန်းမာရေးစောင့်ရှောက်မှုခံယူရမလဲဆိုတာကိုလည်း သိနိုင်ပါတယ်။

ဒီလောက်ဆို ဂျူးဒိတ်နဲ့ ကိုယ်ဝန်အပတ်တွေသိဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သိကြပြီနော်။


ဂျူးဒိတ်က အရေးကြီးသလား။ဂျူးဒိတ်က အရေးကြီးသလား။
1
21
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်