ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ
ဒေါက်တာရှင့် အရေးတကြီးမေးမြန်းချင်တာလေးရှိလို့ပါရှင့်
မနေ့ည၁နာရီခွဲ လောက်မှာ ညီမနဲ့ ညီမအမျိုးသားတို့ hotpot buffet စားပြီး ပြန်လာခဲ့ကြပါတယ် ဝက်သား အမဲသား ပုစွန် ပြည်ကြီးငါး စသဖြင့် အမယ်စုံပါတယ် အသီးအရွက်လည်းစုံပါတယ် အပ်မှိုလည်းစားမိပါတယ် cocacola လည်း သောက်မိပါတယ် ပြန်လာတော့ မိုးမိပါတယ် ညလည်းနက်ပြီဆိုတော့ အဝတ်အစားတွေပဲလဲပြီး ခေါင်းကိုရေသေချာမသုတ်မိပါဘူး ညလယ်လောက်မှာ ပန်ကာထဖွင့်ပြီး အိပ်မိပါတယ် မနက်အထိလို့ ထင်ပါတယ် နိုးလာတော့ သူအပေါ့သွားချင်တယ်ဆိုပြီး သွားပါတယ် ညီမလည်း အမှုမထားပဲ ဆက်အိပ်နေပါတယ် ပြီးတော့ သူ့ခေါင်းကိုအုပ်ကိုင်လာပြီး ချော်လဲမိလာတယ်ပြောပါတယ် ပြီးမှသိရတာက သူအပေါ့ထသွားတာကိုမှတ်မိပြီး ပြန်သတိဝင်လာတဲ့အခါမှာ နံရံကိုမှီပြီးရေပန်းအောက်ရောက်နေတယ်ပြောပါတယ် ခေါင်းလည်း ရေတွေစိုနေပါတယ် ဘာဖြစ်သွားမှန်းလုံးဝသတိမရပါဘူးတဲ့ အဲ့ဒါနဲ့ ထွက်လာပြီး ချော်လဲလာတယ်ပြောတော့ ညီမလည်း စိုးရိမ်ပြီး ဒဏ်ရာရလားကြည့်နေတုန်း သူကလဲသွားပြီး မျက်ဖြူလန်သလိုမျိုး လုံးဝသတိမရှိတော့တဲ့ပုံစံဖြစ်သွားပါတယ် ကိုယ်တစ်ပိုင်းကကုတင်ပေါ်မှာ ခြေထောက်နှစ်ချောင်းက အောက်မှာပါ ခြေထောက်တွေကလည်း အကြောဆွဲသလိုမျိုး ဆန့်ငင်ဆန့်ငင်ဖြစ်နေတာပါ အဲ့ဒါနဲ့ ညီမက သူ့ခေါင်းကိုအတင်းပွေ့ပြီး ပါးကိုပုတ်ပြီးလှုပ်နှိုးတော့ သတိပြန်ရလာပါတယ် ဘာမှမဖြစ်ဘူး သူအိပ်ပျော်သွားတာလို့ ပြောပါတယ် ညီမလည်း ဆေးခန်းသွားမယ်ဘာညာပြောတော့ သူကဘာမှမဖြစ်ဘူး မသွားဘူးဆိုပြီး ငြင်းပါတယ် ပြီးတော့ ခဏပဲရှိသေးတယ် စောနလိုမျိုး ထပ်ဖြစ်ပါတယ် social media တွေမှာတွေ့တွေ့နေရတဲ့ ဖွဟဲ့ အသက်ကုန်ခါနီးလူတွေရဲ့ နောက်ဆုံးအခြေအနေလိုမျိုး မျက်ဖြူလန်ပြီး အကြောဆွဲနေတာပါ မြန်မာကားတွေထဲကလို မျက်လုံးက အဖြူရောင်ကြီးဖြစ်ပြီး အပေါ်ကိုမော့ကြည့်နေသလိုမျိုးမဟုတ်ပါဘူး နောက်ဆုံးအခြေအနေဖြစ်နေတဲ့လူတွေလိုမျိုး လုံးဝသတိမရှိတော့တဲ့ပုံစံနဲ့ မျက်လုံးက မပွင့်တပွင့်ဖြစ်နေသလိုမျိုးပါ ခြေထောက်တွေကလည်း ဆတ်ခနဲဆတ်ခနဲ အကြောဆွဲနေတာပါ ညီမက အော်ဟစ်ပြီး သူ့ကို လှုပ်နှိုးတာ ပါးကိုပုတ်တာမနည်းလုပ်တော့မှ ပြန်သတိရလာတာပါ အဲ့လိုပုံစံမျိုး နှစ်ခါဖြစ်တာပါ ပြီးတော့ ရေတောင်းသောက်ပါတယ် အဲ့အချိန်မှာ သူရေအရမ်းဆာတယ်လို့ပြန်ပြောပြပါတယ် ဆေးခန်းသွားဖို့ပြောတာတွေ မသွားဘူးငြင်းတာတွေ သူမှတ်မိပါတယ်တဲ့ ဒါပေမဲ့ သူအဲ့လိုအကြောဆွဲတာဘာညာဖြစ်တာကို လုံးဝမမှတ်မိပါဘူးတဲ့ ဟုတ်လို့လားလို့ ပြန်မေးနေပါတယ် အခုတော့ အကောင်းအတိုင်း ပြန်ဖြစ်နေပါတယ် ပုံမှန်အတိုင်းပါပဲ နည်းနည်းနုံးနေတာကလွဲလို့ အကုန်အဆင်ပြေပါတယ်တဲ့ သူအဲ့အချိန်တုန်းကတော့ ခေါင်းမူးပြီး အိပ်ချင်နေတာပဲသိတယ်လို့ပြောပါတယ် အဲ့လိုဖြစ်သွားတာကိုလည်း သူကိုယ့်သူအိပ်ပျော်သွားတယ်ပဲထင်တာတဲ့ အဲ့ဒါ ဘာရောဂါလက္ခဏာဖြစ်နေနိုင်လဲဒေါက်တာရှင့် အရင်ကတစ်ခါမှအဲ့လိုမဖြစ်ဖူးပါဘူး လက်ချောင်းတွေတုန်တာကတော့ ဖြစ်တာကြာပါပြီ ကျန်တာ ဘာရောဂါမှမရှိတဲ့လူပါ အသက်က ၂၅ ကျော် ၂၆ ထဲမှာပါ ဒေါက်တာ လောလောဆယ် ပြည်ပရောက်နေလို့ အလုပ်က passport ခဏယူထားချိန်မို့ ဆေးရုံဆေးခန်းက ဘယ်မှာမှသွားပြဖို့အဆင်မပြေဘူးဖြစ်နေလို့ပါ
ဘာလက္ခဏာလဲဆိုတာရယ် ဘာကြောင့်ဖြစ်တာလဲဆိုတာရယ် ဆောင်ရန် ရှောင်ရန်လေးတွေရယ် မစားသင့်တာ စားသင့်တာလေးတွေရယ် သောက်သင့်တဲ့ဆေးတွေရယ် သိချင်ပါတယ်ဒေါက်တာ ဆေးခန်းသွားဖို့ တကယ်မဖြစ်နိုင်ဘူးဖြစ်နေလို့ပါ ဒီအတိုင်းထားရင်လည်းမဖြစ်လို့ပါဒေါက်တာ
အိမ်ထောင်သည်ဆိုတော့ အတူနေတာတော့ရှိပါတယ် တစ်ခါတစ်လေလည်း ကြားထဲမှာ သူ့ဘာသူ တစ်ကိုယ်ရည်ဖြေရှင်းတာမျိုးလည်းရှိတယ်လို့ပြောပါတယ်
Vitahome ကို တစ်ခါတစ်လေ ရက်ခြားဆိုသလိုသောက်တတ်ပါတယ်
မနက်စာကတော့ အမြဲလိုလိုလွတ်ပါတယ်
နေ့လည်စာကလည်း တစ်ခါတစ်လေထမင်း တစ်ခါတစ်လေ အခြားတစ်ခုခု ဥပမာ ဆီချက်တို့ဘာတို့လိုမျိုးဟာ စားလေ့ရှိပါတယ်ဒေါက်တာ
ရေချိုးခန်းထဲမှာ သူလုံးဝ မချော်လဲမိပါဘူးရှင့် ဘာလို့ဆို အိပ်ခန်းနဲ့က ကပ်နေတော့ သူလဲရင် ညီမက သေချာပေါက်ကြားမှာပါ ပြီးတော့ ချော်လဲထားတဲ့ပုံစံလည်းမပေါက်ပါဘူး သူအပေါ့ထိုင်သွားတာကိုမှတ်မိပြီး ပြန်သတိရလာတော့ အိမ်သာမှာထိုင်နေတာမဟုတ်တော့ပဲ နံရံမှီပြီး ရေပန်းအောက်ရောက်နေတာပဲသိတာပါတဲ့ အပေါ့သွားနေရာကနေ ဘယ်လိုဖြစ်ပြီး ရေပန်းအောက်ရောက်သွားလဲဆိုတာ သူလုံးဝမမှတ်မိဘူးဖြစ်သွားတာပါ အဲ့တာနဲ့ သူ့ကိုယ်သူချော်လဲသွားတယ်ပဲထင်လိုက်တာလို့ပြောပါတယ် ရေပန်းကလည်း ဘယ်လိုဖွင့်လိုက်မိမှန်းမသိဘူးပြောပါတယ် ကန်တော့ပါဒေါက်တာ သူ့လိင်အင်္ဂါကလည်း ဘောင်းဘီထဲတောင်ပြန်မထည့်ရသေးပါဘူးတဲ့ အဲ့အတိုင်းအပြင်ထွက်လျက်သားပဲရှိသေးတယ်တဲ့ အိမ်သာက ခြေထောက်အားပြုထိုင်ရတဲ့ ရေလောင်းအိမ်သာမဟုတ်ပဲ ဘိုထိုင်အိမ်သာဆိုတော့ ခြေထောက်မခိုင်ပဲ ရှေ့ကိုဟပ်ထိုးလဲကျသွားတာလည်း မဖြစ်နိုင်ဘူးလားလို့ပါ

















နီးစပ်ရာဆေးခန်းမှာဖြစ်ဖြစ် အရင်တိုင်ပင်ကြည့်ပါ