🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်၃၃ပတ်ပါရှင့်

မဂ်လာပါဆရာတို့ ကိုယ်ဝန်နဲ့က၃၃ပတ်ရှိနေပါပြီ ဆရာ သွေးပေါင်ကပေါ်၉၀အောက်၆၀ကျနေပါတယ် ပြန်မတက်ပါဘူးရှင့် အစာအိမ်ကလည်းအောင့်နေပါတယ်ရှင့်တတိယအကြိမ် ခွဲမွေးရမှာမို့ပါ ဓာတ်ဆားလည်းသောက်ပါတယ်ရှင့် သွေးပေါင်ကျရင်နေလို့မကောင်းပါဘူးဆရာတို့ ဘာတွေဆောင်ပြီးဘာတွေရှောင်ရမလည်း ဆရာတို့ရယ် ပြောပြပေးပါဦး 🙏🙏အစာလည်းမနက်စာကို၈နာရီစားပါတယ် နေ့လည်က၁၀ခဲွ စားပါတယ် ညနေ၂နာရီလောက်စားပြီး ညအထိဘာမှမစားနိင်တာက အစာအိမ်ကြောင့်လားရှင့်

0
4
မှတ်ချက် 1 ခု

မှတ်ချက် 1ခု

အစားကို နည်းနည်းနဲ့ ဝင်အောင် စားပေးပါ။ ကြေလွယ်ပြီး အာဟာရဖြစ်တာတွေ စားပေးပါ။ ထမင်းကြီးပဲ မဟုတ်ဘဲ ကြားအချိန်မှာ ကြက်ဥပူတင်း၊ သစ်သီးတွေလည်း စားပေးလို့ ရပါတယ်။ ဘယ်ဘက်စောင်းအိပ်ပါ။ သွေးပေါင်ကျတဲ့အချိန်ဆို ငြိမ်ငြိမ်လေး လှဲနေပါ။ အိုဂျီနဲ့ ရက်ချိန်းပုံမှန်ပြပေးပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်