ကိုယ်ဝန်ရှိနိုင်မရှိနိုင်သိချင်လို့ပါဆရာ
ပုံမှန်ရာသီ၈ရက်နေ့လာပါတယ်ဆရာ Aug ၉မှာ ပထမဆုံးကြိမ်လိင်ဆက်ဆံခဲ့မိပါတယ် အကာကွယ်မပါပါဘူးရှင့် သုတ်ရက်ကို အပြင်မှာထုတ်ခဲ့ပါတယ် ချစ်သူကမစိုးရိမ်ရန်ပြောသောလည်း ၃ရက်အတွင်းunosure 72သောက်ခဲ့မိပါတယ်ဆရာ ထို့နောက်ရာသီaug19မှာလာပါတယ်ရှင့် အဲ့တာကိုယ်ဝန်ရနိုင်မရနိုင်လေး သိချင်လို့ပါဆရာရှင့်🙏🏻
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ နောက်ကျတာ၊ ဆင်းချင်သလိုဆင်းတာတွေ ရှိတတ်ပါတယ်။ ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။