အမေ့အတွက်ပါ - ရင်သားအကျိတ်ကင်ဆာ သံသယ

ဆီးချိုသမား အသက် ၆၀

ရင်သား ခွဲစိတ် မှာ အကျိတ်ရှိလို့ ပင်လုံ မှာ Mammogram (ရင်သား ဓါတ်မှန်+ အာထရာဆောင်း) ရိုက်တာ BIRADS -4 (ကင်ဆာသံသယရှိ) ဆိုတဲ့ အဖြေထွက်လို့


ခွဲစိတ်ဆရာဝန် ကတော့


Option 1 >>> အကျိတ်လုံးကို ခွဲထုတ်ပြီး အသားစ စစ်မလား စစ်ကြည့်လို့ Cancer ဆို ရင်သားတစ်ခုလုံး ခွဲရမယ်။ ၂ခါခွဲရမယ်။ ကင်ဆာမဟုတ်ရင်တော့ ထပ်ခွဲစရာမလို


Option 2 >>> ရင်သားတစ်ခုလုံးထုတ် ဂျိုင်းက အလုံးတွေ့ခဲ့ရင်လဲ အကုန်ထုတ် ပြီးမှ ထုတ်ထားတာတွေအားလုံးကို အသားစ စစ် ကင်ဆာဆို ကင်ဆာအတိုင်း ဆက်ကု ရမယ်။ ကင်ဆာ မဟုတ်ရင် ရင်ငါးတစ်ဖက်ဆုံးမယ်။


စဉ်းစားပြီးဆုံးဖြတ်ပါလို့ပြောပါတယ်။


အဲ့ဒါနဲ့ ကင်ဆာ သမားတော် ဆရာကြီးဦးမင်းဒင် ဆီ ထပ်ပြကြည့်တော့


Option3 >>> အရင် အသားစ လေးပဲ ယူပြီးစစ်ရမယ်။ ကင်ဆာ ရှိရင် ရင်သားတစ်ခုလုံးဖြတ်မယ်။

ကင်ဆာမဟုတ်ရင်လဲ အကျိတ်ဖြစ်တဲ့အတွက် အဲ့အကျိတ်ကိုခွဲထုတ်ရမယ်ပြောပါတယ်။


ဆီးချိုသမားဖြစ်ပြီး ဆီချိုလဲ ခုလပိုင်း ပြန်တက်နေလို့ အနာလဲ တော်တော်နဲ့ မကျက်တတ်တဲ့ သူမို့ ဘယ်လို လုပ်သင့်လဲ စဉ်စားရတော်တော်ခက်နေလို့ပါ။ အကြံလေးပေးကြပါဦးရှင်


လူနာ ဖြစ်တဲ့ အမေ ကတော့ တစ်ခါထဲ ရင်သားဖြတ်ထုတ်ချင်တယ် ခဏခဏ ခွဲခန်း မဝင်ချင်ဘူးလို့ ပြောနေလို့ပါ။


ဆီးချို ရှိပြီး ရင်သားဖြတ်ထုတ်ထားတဲ့ သူများ ရှိရင် လဲ အတွေ့အကြံုလေး share ပေးကြပါဦးနော်။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်