ဆေးထိုးမှားခြင်း
ဆရာမရေ
ကျွန်တော် mandalay မြို့မှာ2023 march 10th မှာ
ကိုဗစ်ဖြစ်လို့
ဆေးထိုးမိရာကနေဖြစ်တာပါ
ကျွန်တော့်အဒေါ်ကအသက်လုနေရချိန်
ကျနော်ကပြုစုပေးရတော့
လူမမာက အောက်စီဂျင်ပိုက်အစာပိုက်ပေးထားရတယ်
လူကြီးရောဂါကြောင့် လူမမာစောင့်နေတုန်းမှာပဲ
ကျနော်ကိုဗစ်စဖြစ်တယ်
ကျနော့်ကြောင့် အဒေါ့်ကိုကူးစက်မှာစိုးရိမ်လို့
ဆေးခန်းသွားပြရာကနေ
ဆရာဝန်က ဆေး၂လုံးထိုးမှပျောက်နိုင်မယ်ဆိုလို့ဆေး၂လုံးတင်ပဆုံကိုထိုးခဲ့ပါတယ်
ညာဖက်တဖက်တည်းကို၂လုံးထိုးခဲ့တာပါ
ကျနော်က ပိန်ပိန်လေးဆိုတော့
ဆေးထိုးအပ်ကပဲ တော်တော်နက်နက်ဝင်သွားခဲ့လို့လားတော့မသိပါဘူး
ဆေးထိုးပြီးနောက်ပိုင်း
ညာဘက်တင်ပဆုံနဲ့ခြေထောက်တချောင်းက
တချက်တချက်မှာ ကြွက်တတ်သလို ဖစ်တယ် အဲ့လိုဖြစ်တိုင်း ထုံလာပါတယ်
အဲ့တာ ပျောက်သွားတာ တော်တော်ကြာပေမယ့်
အခုတခါပြန်ဖြစ်တယ်
စိုးရိမ်လာလို့ ဘယ်မှာသွားပြရမလဲကုရမလဲလို့ဆရာမဆီကအကြံညဏ်လေးတောင်းပါရစေခင်ဗျ
လက်ရှိ july 15 ရက်နေ့ထိကျွန်တော်ရန်ကုန်မှာ အလုပ်ကိစနဲ့နေရမှာမို့
July 15ရက်အတွင်းဆရာမအကြောင်းပြန်ပေးမယ်ဆိုရင်
ရန်ကုန်မြို့အတွင်း အကြံညဏ်လေးပေးပါလားခင်ဗျာ
ကျေးဇူးတင်ပါတယ်ခင်ဗျာ

















ပေါင်တန်းနာ ဖြစ်သွားတဲ့ပုံပါပဲ
နီးစပ်ရာဆေးခန်းမှာ ပြကြည့်ပါ