ကိုယ်ဝန်/ရာသီ
ရာသီ/ကိုယ်ဝန်
မင်္ဂလာပါဆရာရှင့် ရှေ့နှစ်လကရာသီလာရက်က၂၇/၂၈ပါရှင့် ဒါပေမယ့်၅လပိုင်းမှာတော့လကုန်ူည်အထိရာသီမလာပါဘူးရှင့် ၆လပိုင်း၂ရက်နေ့မှာအတူနေခဲ့မိတယ်ရှင့် အကာအကွယ်မပါပါဘူး နေပြီးပြီးချင်းပဲအရေးပေါ်တားဆေးသောက်ခဲ့ပါတယ်ရှင် ၆လပိုင်း၈ရက်နေ့မနက်မှာသွေးဆင်းပါတယ်ရှင့်ရာသီလာရင်ဗိုက်အောင့်သလိုတော့အနည်းငယ်ဖြစ်ပါတယ်ရှင့် ညနေဘက်ရောက်တော့ပုံပါအသားစလေးပါသွေးဆင်းတာနဲ့အတူဆင်းလာပါတယ်ရှင့်နာကျင်ကိုက်ခဲတာမျိုးတော့မရှိပါဘူးရှင့် အခုမနက်၆လပိုင်း၉ရက်နေ့မှာတော့သွေးဆင်းတာမနေ့ကထက်ပိုနည်းသွားပါတယ်ရှင့် ရင်သားနာကျင်တာနဲ့ခါးနားအောက်ပိုင်းတဝိုက်ကိုက်ခဲတာမျိုးအနည်းငယ်တော့ဖြစ်ပါတယ်ရှင့် (၆လပိုင်း၂ရက်နေ့အတူနေပြီးနောက်မှပေါ့ဆမှုကြောင့်အရေးပေါ်တားဆေးကိုနှစ်ခါသောက်မိသွားပါတယ်ရှင်) ကိုယ်ဝန်ရနိုင်သလားရှင့် ပုံအတွက်ရိုင်းသွားရင်တောင်းပန်ပါတယ်ဆရာရှင့်
ကိုယ်ဝန်ကတော့ ဆီးစစ်ကြည့်မှ သိမှာပါ
ဒီနေ့နေပြီး နောက်နေ့ လက္ခဏာပြရအောင်တော့ မမြန်ပါ