🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်များနဲ့ စိုးရိမ်စရာကောင်းတဲ့ ဆီးစပ်ကိုက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးစပ်ကိုက်တာက ဖြစ်တတ်ပါတယ်။ အများစုကတော့ အန္တရာယ်မရှိပါဘူး။ ဥပမာ

−ကလေးမွေးရမှာမို့လို့ ဆီးခုံရိုးလေး အနည်းငယ်ဟလာတာ

−ကိုယ်ဝန်နဲ့ ကလေးရဲ့ ဝိတ်က ဆီးခုံမှာလာပိတာ

−ကလေးကန်တာ

−အရွတ်တွေတင်းတာ

−ဆီးအိမ်တင်းတာ

−ဝမ်းချုပ်တာ စတာတွေကြောင့်ပါ။

ဒီလိုမဟုတ်ဘဲ အန္တရာယ်ရှိတဲ့ အခြေအနေတွေဖြစ်တဲ့

−ကိုယ်ဝန်ပျက်တာ

−စောမွေးချင်တာ

−နေရာမှားပြီး သန္ဓေတည်တာ

−အချင်းကွာတာ စတာတွေမှာလည်း ဆီးစပ်ကိုက်တတ်ပါတယ်။

ဒီတော့ မေမေတို့ ဆီးစပ်ကိုက်ရင်ဘာကြောင့်လဲဆိုတာခွဲဖို့ မလွယ်ပါဘူး။ ဒီတော့ ဒီလက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြန်ပြပါ။

-လမ်းမလျှောက်နိုင်လောက်အောင် နာရင်

−ဖျားနာ၊ သွေးဆင်း၊ ခေါင်းမူးနေရင်

−ရုတ်တရက် ခြေလက်တွေ ဖောလာရင်

−ကလေးအလှုပ်နည်းသွားရင်

−မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ အဖြူတွေ ဆင်းလာရင်ပဲ ဖြစ်ပါတယ်။

ဒါတွေ မရှိပေမယ့် တစ်ခုခုကို စိုးရိမ်တယ်ဆိုရင်လည်း ဆရာဝန်နဲ့ ပြသင့်ပါတယ်။


ကိုယ်ဝန်ဆောင်များနဲ့ စိုးရိမ်စရာကောင်းတဲ့ ဆီးစပ်ကိုက်ခြင်းကိုယ်ဝန်ဆောင်များနဲ့ စိုးရိမ်စရာကောင်းတဲ့ ဆီးစပ်ကိုက်ခြင်း
0
168
မှတ်ချက် 4 ခု

မှတ်ချက် 4ခု

ဟယ်လိုဆရာသမီးက စီးစပ်ကိုက်တယ် ခါးလည်းနားတယ်လမ်းလျှာက်ရက်လည်းေမာတယ် ကိုယ်ဝန်ကတော့၅လကျော်ပြီ ဘယ်လိုလုပ်ရပါ့မလည်းဆရာ

လွန်ခဲ့သော 8 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပြီးပြီလား။

လွန်ခဲ့သော 8 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကိုယ်ဝန်ရှိနေစဥ်ပိုးသတ်ဆေးသောက်မိရင်ကိုယ်ဝန်ကိုထိခိုက်စေလား

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

[mention+id="4189490"+name="Thi Thi Khaing Thi Thi Khaing"]

သောက်တဲ့ ပိုးသတ်ဆေးပေါ် မူတည်ပါတယ်။တချို့ဆေးတွေက သောက်လို့ မရပါဘူး။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်