ရာသီမမှန်ခြင်း

ဒေါက်တာရှင့် ကျွန်မက contraceptive pill သောက်တဲ့လကလွဲလို့ကျန်တဲ့လတွေမှာ လတိုင်း menstruation ပုံမှန်လာပါတယ်

နောက်ပိုင်း contraceptive pill မသောက်ပဲ condom ပဲသုံးခဲ့တာပါ

လွန်ခဲ့တဲ့ 2လလောက်က အမျိုးသားနဲ့ sex လုပ်ပြီးပြီးချင်းမှာ bleeding ဖြစ်ပါတယ် နှစ်ရက်လောက်ကြာပါတယ် နောက်4ရက်လောက်နေမှ တကယ် menstruation လာပါတယ် ပုံမှန်ပဲထင်လို့ဒီတိုင်းနေခဲ့တာပါ

အရင်လကလည်း menstruation လာပြီးနောက်ပိုင်းမှာ sexလုပ်ခဲ့ပါတယ် condom error ကြောင့် emergency pill သောက်လိုက်ရပါတယ် ဆေးသောက်ပြီး နောက်5ရက်လောက်နေတော့ spotting ဖြစ်ပါတယ် 3ရက်လောက်ကြာပါတယ် epill သောက်ပြီးနောက်ပိုင်း ဗိုက်ကလည်းတစ်ခြမ်းယောင်ယောင်လေးဖောင်းလာပါတယ် အခုတော့မဖြစ်တော့ပါဘူး ဆီးသွားရင်လည်းဆီးကျန်သလိုခံစားရတာတစ်လလောက်ရှိပါပြီ ဒါကကျွန်မရဲ့ medical history ကိုပြောပြတာပါရှင့်

ဒီလမှာအမျိုးသားကအဝေးကပြန်လာမှာမို့ လွတ်လွတ်လပ်လပ်အတူနေချင်လို့ လစဉ်သောက်တားဆေးသောက်ဖို့စဉ်းစားထားတာပါ ဒါပေမယ့် ဒီလ menstruation မလာသေးတော့ ဆေးသောက်လိုက်ရင် ရာသီလာမယ့်ရက်ကအများကြီးနောက်ကျသွားမှာစိုးလို့ပါရှင့် ကျွန်မကရာသီမမှန်သလိုဖြစ်နေတာမို့ တားဆေးသောက်လိုက်ရင်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်လာမှာစိုးလို့ပါ ဒီရက်အတွင်းဆေးသောက်လို့ရမရသိချင်တာပါရှင့်ဒေါက်တာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
12
1

မှတ်ချက် 1ခု

ရာသီရက်နောက်ကျတာက ပြဿနာမရှိပါ

ဒါက ဆေးကြောင့်ပဲဆိုတော့

ကိုယ်ဝန်မလိုချင်ရင်တော့ သောက်ရမှာပဲလေ မတတ်နိုင်ဘူး

ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း သောက်မယ်ဆိုရင်တော့ သောက်ပြီးတာနဲ့ နေလို့ရ၊ ရက်ရှောင်စရာမလို

တခြားရက်ဆိုရင်တော့ ဆေးသောက်ပြီး ၇ရက်နေမှ အကာအကွယ်မဲ့နေလို့ရပါမယ်

၇ရက်မပြည့်ခင် နေမယ်ဆို အကာအကွယ်သုံးပြီး နေလို့ရပါတယ်

အမျိုးသားပြန်လာမယ့်ရက် ရာသီလာမယ့်ရက် ကိုယ့်ဟာကိုယ်ညှိပြီး ဆေးသောက်ပါလေ။

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်