🔥 ရေပန်းစားသောအကြောင်းအရာ

ခွဲမွေးထားတဲ့ အနာမြန်မြန်ကျက်အောင် လိုက်နာရမယ့် အချက်များ

ခွဲမွေးထားတဲ့အခါ ချုပ်ရိုးမြန်မြန်ကျက်ဖို့ အရေးကြီးပါတယ်။ ဒါမှ ချုပ်ရိုးကွဲတာ၊ ပိုးဝင်တာတွေ မဖြစ်မှာပါ။ ချုပ်ရိုးမြန်မြန်ကျက်ဖို့ လိုက်နာရမယ့် အချက်တွေကတော့

-အနားယူပါ။ အထူးသဖြင့် အိပ်ရေးဝဝ အိပ်ဖို့ လိုပါတယ်။

-လမ်းလျှောက်ပါ။ ပြန်လှုပ်ရှားလို့ရပြီဆိုတာနဲ့ နည်းနည်းစီ ပြန်လျှောက်ပေးပါ။ ဒါမှသွေးလည်ပတ်မှုကောင်းပြီး အနာကျက်မြန်မှာပါ။

-ဝမ်းချုပ်မခံပါနဲ့။ ဝမ်းသွားဖို့ ညှစ်တဲ့အခါ အခန့်မသင့်ရင် ချုပ်ရိုးကွဲတတ်ပါတယ်။ ဝမ်းမချုပ်အောင် အသီးအရွက်များများစားပါ။ ရေများများသောက်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။

-ချောင်းဆိုးနေရင် ကုသပါ။ မကြာခဏ ချောင်းဆိုးရင် ချုပ်ရိုးပွင့်တတ်လို့ နှာချေချောင်းဆိုးဖြစ်နေရင် ကုသပါ။

-အနာမြန်မြန်ကျက်အောင် ပရိုတင်းကြွယ်ဝတဲ့ အသား၊ ပဲ၊ ဥ စားပါ။ ဗီတာမင်စီ၊ ဇင့် ကြွယ်ဝတာ စားပေးပါ။

ခွဲမွေးထားတဲ့ အနာမြန်မြန်ကျက်အောင် လိုက်နာရမယ့် အချက်များခွဲမွေးထားတဲ့ အနာမြန်မြန်ကျက်အောင် လိုက်နာရမယ့် အချက်များ
0
1
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်