ကိုယ်ဝန်ရှိ/မရှိနိုင်
Octလအစပိုင်း အတူစနေဖြစ်တုန်းက တကြိမ်ကအကာအကွယ်မပါဘဲနေဖြစ်ခဲ့ပါတယ်။ ပြီးတာကအပြင်မှာပြီးတာပါ။ E pill လဲသောက်ခဲ့ပါတယ်။ ရာသီကလည်း လာမယ့်ရက်မှာပုံမှန်လာဖြစ်ပါတယ်။ ပုံမှန်ထက်တော့ ၂ရက်လောက်ပိုကြာပြီး ပိုများပါတယ်။ ရာသီပြီးတာ၃ရက်လောက်ရှိပါပြီ။ အခု လူကနုံးသလိုတွေဖြစ်ပြီး အိပ်ပြီးရင်အိပ်ချင်နေပါတယ်။ အစားလည်း စားပြီးရင်းစားချင်နေပါတယ်။ အဲ့ဒါပုံမှန်ပဲလား။ ကိုယ်ဝန်များရှိတာလား။ စိတ်ဖိစီးမှုကြောင့်လားရှင့်။
ရာသီလာထားတာကြောင့်ရော၊ ဆေးသောက်ထားတာကြောင့်ရော နုံးနေတာ ဖြစ်နိုင်ပါတယ်။ ရာသီပုံမှန်လာသွားတယ်ဆိုရင်တော့ ကိုယ်ဝန်ရဖို့ chanceနည်းပါတယ်။ စိတ်ရှင်းသွားအောင် ဆီးစစ်ကြည့်လို့ရပါတယ်နော်။