🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ချိန်ထူးခြားတဲ့ချဉ်ခြင်းတပ်ခြင်းများ

ကျွန်မကတော့ သုံးနှစ်ခွဲအရွယ် သမီးလေးရဲ့မေမေပါ သမီးလေးကို ကိုယ်ဝန်စဆောင်စဉ်ကအရမ်းလဲလိုချင်ခဲ့တော့ တနေ့မှာ ခြံကြီးထဲမှာ ရွှေရောင်ဝါဝင်းနေတဲ့လိမ္မော်သီးအလုံးကြီးတွေစားရတယ်လို့ အိမ်မက်မြင်မက်မိတယ်ရှင့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ ထူးထူးခြားခြားချဉ်ခြင်းကတော့ ကောက်ညှင်းမျိုးစုံကိုစားချင်နေတာပါ ကောက်ညှင်းပေါင်းဆီထမင်း ရွှေထမင်း ခေါပုတ်စသည့်ပေါ့နော် ကိုယ်ဝန်နဲ့ ဝမ်းချုပ်မှာလဲစိုးလို့ ချင့်ချိန်စားရပါတယ်ရှင့် နောက်တခုက

သမီးလေးကိုယ်ဝန်နဲ့မို့လို့ထင်တယ် အလှပြင်ရတာ နှုတ်ခမ်းနီဆိုး ဆံပင်လေးသပ်သပ်ရပ်ရပ်စည်းပြီးနေမိတယ်ရှင့်

နောက်တရုတ်တန်းမှာမှရောင်းတဲ့ ပဲနို့ပေါင်းလေးတွေ အရမ်းသောက်ချင်တာပါပဲ

အမျိုးသားနဲ့ကတော့ ကိုယ်ဝန်နဲ့မှာ ပိုပြီးကပ်လွန်းလို့ အမျိုးသားစာမေးပွဲဖြေနေတော့ သူစာကျက်ပျက်မှာစိုးလို့ အနားကပ်ချင်စိတ်ကိုမြိုသိပ်ထားရသေးတာ🤪🤭

ကျွနိမရဲ့ အတွေ့အကြုံလေးကတော့ဒါပါပဲရှင့် သာမာန်မိခင်တယောက်ရဲ့ကိုယ်ဝန်ဆောင်ချိန်ဖြတ်သန်းမှုလေးပါရှင့်

အားလုံးပဲသီတင်းကျွတ်အခါသမယမှာ ကျန်းမာပျော်ရွှင်ကြပါစေ

#StoryCompetition2022Oct

0
17k
မှတ်ချက် 1 ခု

မှတ်ချက် 1ခု

ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မေမေရေ။ ဆုရရှိဖို့ Community ထဲမှာလည်း likeများများ ရပါစေနော်

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်