🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်လိုချင်လို့ကြိုးစားနေတာပါ

ရာသီက လုံးဝမမှန်ပါဘူးဆရာ

လက်ရှိ ကလေး ၁ယောက်လည်းရှိပါတယ် အသက် ၈နှစ်ရှိပါပြီ နောက်တစ်ယောက်လိုချင်လို့ကြိုးစားနေတာပါ

တားဆေးလုံးဝမသုံးထားပါဘူး

ကြားထဲ OG ပြောင်းပြတာလည်း ၃ဦးလောက်ရှိပါပြီ


ပထမဆရာဝန်တုန်းက ဆေးသောက်ခိုင်းလိုက်ပြန်ပြလိုက်နဲ့ ၃နှစ်နီးပါးဘာအဖြေမှသေချာမသိခဲ့ရပါဘူး


ဒုတိယဆရာဝန်နဲ့ပြတော့ ရာသီပေါဆေးသောက်တယ် ပြီးတော့ ရာသီပေါတော့ Jan 26 သားဥကြွေဆေးသောက်တယ် သားဥကြွေမကြွေကို ultrasound ရိုက်ကြည့်တယ် ပြခိုင်းတယ့်ရက်မှာ အမြဲသွားရိုက်တယ်သား အိမ်ထဲလိုထက်ပိုတယ် မမျိုးဥတွေက သားဥအိမ်ထဲများပြီးပြည့်ကျပ်နေတယ်လို့ပြောပါတယ် ဆရာဝန်က မှန်ပြောင်းနဲ့ drilling လုပ်ဖို့ပြောပါတယ် သေချာတယ်လိုအပ်တာဆိုရင်တော့လုပ်မှာပါဆရာ ဒါပေမယ့် အရမ်းမလိုအပ်ရင်လည်းမလုပ်ပဲလည်းနေချင်တာကြောင့် နောက်လဆက်စောင့်ကြည့််ယ်ဆိုပြီး ဆက်စောင့်ပါတယ်


အဲ့ဒါနဲ့ ကြားထဲ သဘာဝအတိုင်းရာသီလာမလားစောင့်ရင်းကနေ March 16ကရာသီ လာပါတယ်

နောက်အ OG ပြောင်းပြကြည့်ပါတယ် သွေးအဖြေ ဆေးစစ်တာတွေအကုန်ကောင်းပါတယ် ultrasound ကတော့ ရာသီပေါပြီး ၆ရက်လူမြောက်နေ့သွားရိုက်တာ သားအိမ်ထဲ သားဥရေအိတ်လေးတွေတော့ရှိတယ် ကိုလစတောများတယ်ဆိုတာ တစ်ခုပဲပြောပါတယ် ဝိတ်ချဖို့ပြောပါတယ် အခုပြနေတယ်ဆ့ရာကတော့ သားဥကြွေဆေးမသောက်ခိုင်းပါဘူး LH test Kit နဲ့ April 1ထိ စစ်ခိုင်းတာ သားဥကမကြွေပါဘူး အဲ့ဒါနဲ့အခုလက်ရှိ April 5ရက်ဖြစ်နေပါပြီ ဆက်စစ်ကြည့်တာ သားဥမကြွေသေးပါဘူး ဘယ်နေ့အထိဆက်စစ်ကြည့်ရမလဲရှင့် အဓိက သားဥတကယ်လုံးဝမကြွေတာစေချာတာလည်းကိုအတိအကျသိချင်မိတာပါ အခုဆရာဝန်က သားဥကြွေမှပဲပြန်လာလို့ပြောလိုက်တာမို့ပါ ဆေးရုံပဲပြန်ပြရမလား ဘာဆက်လုပ်ရမလဲမသိလို့ပါအခုဆရာဝန်ကျတော့ ဝိတ်ချပါပဲပြောတယ် ဘာများဆက်လုပ်သင့်လဲဆရာ အခုသိချင်တာလေးကတော့ ဘယ်နေ့နောက်ဆုံးထားပြီး သားဥကြွေမကြွေစစ်လို့လဲဆိုတာလေးပါ သားဥမကြွေတာ သေချာရင်တော့ ခွဲဖို့လိုရင်ခွဲမှာပါဆရာ

သားဥကြွေမကြွေစစ်တာကိုလည်းမကြည့်တက်လို့ပါ အခု Apr 5-6 စစ်ထားတာလေးပါ

ကိုယ်ဝန်လိုချင်လို့ကြိုးစားနေတာပါကိုယ်ဝန်လိုချင်လို့ကြိုးစားနေတာပါ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
3
1

မှတ်ချက် 1ခု

သားဥမကြွေရင်တော့ ဟော်မုန်းနဲ့ ကြွေအောင် လုပ်လို့ ရနိုင်ပါတယ်။ ပြနေတဲ့ ဆရာဝန်နဲ့ ပြန်ပြကြည့်ပါ။

လွန်ခဲ့သော 1 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်