ဆီးစစ်ပြီး၂ကြောင်းပေါ်ပေမယ့် သွေးအနည်းငယ်ဆင်းခြင်း
ဆရာရေ.. ကျမက ၁လပိုင်း ၃၁ရက်နေ့က ကိုယ်ဝန်ပျက်ကျပါတယ် ပျက်ပြီးနောက်ပိုင်း ၃လပိုင်း ၂၅ရက်နေ့ထိ ရာသီမလာပါဘူး (ကိုယ်ဝန်ရှိနေသလားဆိုပြီး အရင်ပတ်ကမှ ဆီးစစ်တာ ၂ကြောင်းပေါ်ပါတယ်)၂၆ရက်နေ့မနက်ပိုင်း သွေးအနည်းငယ်ဆင်းပြီး ညနေပိုင်းတော့ ဆက်မဆင်းတော့ပါဘူး ကိုယ်ဝန်ရှိနေရင် ပျက်ကျနိုင်လား ဒါမှမဟုတ် ပျက်တာ မကြာသေးလို့ စစ်တာ၂ကြောင်းပေါ်နေတာလား ဆရာ
ကိုယ်ဝန်ပျက်ကျပြီးရင်လည်း ၆ပတ်လောက် ၂ကြောင်းပေါ်တတ်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ပြပြီး လိုအပ်ရင် အယ်ထွာဆောင်းရိုက်လိုက်ပါ