သိလိုရာမေးချင်ပါတယ်ခမျာ
ဆရာခမျာ ကျနော်က အခု နိုင်ငံခြားမှာရောက်နေလို့ပါ
ကျနော့် ချစ်သူနဲ့လဲ တွဲတာ 2နှစ်ကြော်ပါပီ ချစ်သူခြင်း အတူနေတ့ဲအချိန် အမြဲတမ်းလဲ အကာအကွယ်သုံးပါတယ် မနေ့ကတော့ အရေးပေါ်အခြေနေကြောင့် အကာအကွယ်မသုံးမိပဲ Emergency ဆေး သောက်ခိုင်းမိလိုက်ပါတယ် ဆေးက တလုံးထဲပါတာပါ ဆေးသောက်ပြီး ကျနော့် ကောင်မလေးက အန်ပါတယ် အများကြီးအံတာမျိုးမဟုတ်ပဲ လည်ပင်းထဲခါးပီး တံတွေးတွေပဲ အန်တ့ဲ ပုံစံမျိုးပါ ပီးတော့ရင်တုန်ပြီး ခေါင်းမူးခေါင်းကိုက်လဲ အတော်လေး ဖြစ်ပါတယ်ခမျ ခေါင်းက မထူနိုင်လောက်အောင်ကို မူးနေတာပါ အဲ့ဒါအခု ဘာဆက်လုပ်သင့်ပါသလဲ ခမျာ Emergency အတွက် အဆင်ပြေဖို့ ဆေးသောက်တဲ့အချိန် အန်မိရင် နောက်တခါထပ်သောက်ရတယ် ကြားဖုးလို့ ကျနော့်ချစ်သူမိန်းကလေး ကို ဆေးထပ်တိုက်သင့်ပါသလားခမျာ ဆေးထပ်သောက်ဖို့ ကော မလိုအပ်တဲ့ နည်းများရှိရင်သိချင်ပါတယ် ဆေးထပ်သောက်ရင် ချစ်သူမိန်းကလေး ထပ်ပြီး ခေါင်းမူးခေါင်းကိုက် ဖြစ်ပီး နေမကောင်းဖြစ်မှာ စိုးရိမ်မိလို့ပါခမျ
၂နာရီအတွင်း အန်တယ်ဆို ထပ်သောက်ရမှာပါ။ brandပြောင်းပြီး သောက်ကြည့်ပါ။ ခေါင်းကိုက်တယ်ဆို ပါရာစီတမော သောက်ပါ။ ဒါတွေက ဖြစ်လေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။ ကိုယ်ဝန်မလိုချင်ရင်တော့ သောက်ရမှာပဲလေ။ မတတ်နိုင်ဘူး။ ဆေးမသောက်ချင်ရင် အစတည်းက သန္ဓေတားနည်းလမ်းတစ်ခုခု ဒါမှမဟုတ် ကွန်ဒုံးသုံးပါ။