ရာသီအပြီး အတူနေမိခြင်း
ညီမက ၃၂ ရက် ရာသီစက်ဝန်းရှိသူပါ။
အရင်လ jan မှာ ၁၅ ရက်နေ့လာပြီး အခုလfeb မှာလဲ ၁၅ ရက်နေ့မှာလာပါတယ်။ feb 15 - feb 19 ပြီးပါတယ်။ ရာသီအပြီး ၂ ရက် မြောက် feb 21 မှာ စိတ်ချရတယ်ဆိုပြီး တစ်ကြိမ်အတူနေမိပါတယ်။ ရက်ရှောင်နည်းအရရော ရာသီပုံမှန်လာတဲ့အတွက်ဆိုပြီး အပြင်ထုတ်နည်းနဲ့နေမိပါတယ်။ pre cumအတွက် စိတ်ပူလို့ပါ ဆရာ.. ကိုယ်ဝန်ရသွားနိုင်လားဆရာ..ဒီတခါပဲ ရက်ရှောင်နည်းကို စသုံးမိလို့ စိတ်ပူနေလို့ပါ။
အခုလဲ ရာသီလာပြီး ၆ ရက္ မြောက်နေ့မှာ မိန်းမကိုယ်ထဲမှာ ခရင်လို ဂျယ်လီအဖတ်လေးတွေ ရှိနေ အနံ့အသက် မရှိပါဖူး။ ဒါက သားဥကြွေခါနီး လက္ခဏာလားရှင့်။
အဖြူကတော့ ကိုယ်ဝန်ရှိရှိ မရှိရှိ ဆင်းတာမို့လို့ ဒါနဲ့တော့ ဘာမှ ပြောလို့မရပါ။ လတိုင်း ရက်၃၀န်းကျင် ရာသီစက်ဝန်းဆိုရင်တော့ မရနိုင်ပါ။