ကလေးရချင်ခြင်း
ဆရာမရှင့် ကျမက 28ရက်တခါ ရာသီပုံမှန်လာပါတယ် ရက်အတိအကျလာတာပါတယ် ။ တားဆးလည်း မသုံးပါဘူးရှင့် ရက်ရှောင်ပြီး ကွန်ဒုံးသုံးခဲ့ပါတယ် အိမ် ထောင်သက် 5နှစ်ကျာ်ပါပြီ ခုမှက လေးယူမလို့ ကြိုးစားနေတာ2လရှိပါပြီရှင့် ။ အမျိူးသားက 36 ကျမက 34ပါရှင့်
Fenza Omega-3 လည်း သောက်နေတာ 4လ လောက်ရှိပါပြီရှင့် အမျိုးသားကလည်း Omega-3 နဲ့ အားေဆးတမျိုး ေသောက်ပါတယ် မျိုးးဥကြွေတဲ့ ရက်ကိုတွက်ပြီး အတူနေပါတယ်ရှင့် 35မေကျာ်ခင် ကလေးရချင်ပြီမို့ တခြား ဘာဆေးလေးသောက်သင့်သေးလဲ ဘာတွေ လုပ်သင့်လဲ အကြံလေးယူချင်လို့ပါ ဆရာမရှင့်
အသက်ကြီးလာတာနဲ့အမျှ ကလေးရဖို့က သူများထက် ကြာတတ်ပါတယ်။ အဲ့တာ သဘာဝပါပဲ။ သားဥကြွေတဲ့ရက်မှ မဟုတ်ဘဲ ၂-၃ရက်ခြားတစ်ခါ အတူနေပါ။ ၁နှစ်လောက် ကြိုးစားလို့မှမရရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပါ။ အမျိုးသားက ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။