ကိုယ်ဝန်တားဆေး
ညီမကအိမ်ထောင်ကျတာ ၁နှစ်လောက်ရှိပါပြီ အိမ်ထောင်ကျခါစကတော့မြန်မာမှာလည်းမဟုတ်တဲ့အတွက်ကြောင့် drospern လို့ခေါ်တဲ့ကိုယ်ဝန်တားဆေးကိုသောက်ခဲ့ပါတယ်
နောက်ပိုင်းရှာဝယ်ရခက်တာတွေကြောင့်သူ့အစားထိုးmarvelon 28 ကိုလက်ရှိသောက်နေပါတယ်
လတ်တလောမှာ ဆေးဒဏ်ကြောင့်ဝလာတာပါ အဲ့လိုဖြစ်လို့ အမျိုးသားနဲ့တိုင်ပင်ပြီးဆေးဖြတ်ပြီး အပြင်မှာပြီးတာရယ် ကွန်ဒုံးသုံးဖို့ရယ်ကိုရွေးချယ်ထားပါတယ်
ခက်တာက လက်ရှိသောက်နေတဲ့တားဆေးကိုဘယ်တော့ရပ်လိုက်ရမှန်းမသိတာပါ ချက်ချင်းရပ်လိုက်ရင်ကြ ကိုယ်ဝန်ရမှာစိတိပူလို့ပါ ဘယ်တော့လောက်ရပ်ရမလဲဆိူတာ ဖြေပေးပါဦးရှင့် ကျေးဇူးတင်ပါတယ်
ဆေးကတ်ကုန်ရင် ရပ်လိုက်ပါ။ တားဆေးတွေက များသောအားဖြင့်တော့ မဝတတ်ပါ။ အသက်အရွယ်၊ စားသောက်နေထိုင်မှုနဲ့လည်း ဆိုင်ပါတယ်။ ကိုယ်က ဝတယ်ထင်ရင်လည်း ရပ်ချင်ရပ်ပေါ့။
အပြင်မှာ ပြီးတာ စိတ်မချရပါ။