ကိုယ်ဝန်မမြဲခြင်း
ကလေးယူနေတာပါ ကိုယ်ဝန်က ၆ပတ် ၇ပတ်ထဲရောက်ရင် သွေးဆင်းပြီး ပျက်ပါတယ် ၂ခါရှိပါပြီး ခုကိုယ်ဝန်၇ပတ်နဲ့ ၂ရက်နေ့ကမှ သွေးဆင်းပြီးပျက်သွားတာပါ ပျက်မှာကြောက်လို့လည်း ကိုယ်ဝန်ရှိတာနဲ့ ချက်ချင်း သွားအပ်ပါတယ် ပေးတဲ့ Folic acid, calcium, FBCလည်း ပုံမှန်သောက်ပါတယ် အဲ့ဒါလည်း ပျက်ပါတယ် ဆရာက သားအိမ်ခြစ်စရာမလိုဘူး အကုန်ဆင်းတယ်လို့လည်း ပြောပါတယ် သားအိမ်ကပဲ ပြဿနာရှိနေတာလားလို့မေးတော့လည်း ရာက မဆိုင်ဘူး သန္ဓေသားက မကပ်တာလို့ပြောပါတယ်
သိချင်တာက ကိုယ်ဝန်ပြန်ယူမယ်ဆို ဘာတွေကြိုပြင်ဆင်ရမလဲ ပျက်တာမကြာသေးတော့ ထပ်ယူမယ်ဆို အချိန်ဘယ်လောက်ခြားပြီးမှ ပြန်ယူသင့်လဲ ကလေးအရမ်းလိုချင်လိုပါ
အိုဂျီနဲ့ပဲ ပြန်တိုင်ပင်ပါ။ ကိုယ်ဝန်နုစဉ်မှာ အကြောင်းရင်းမရှိဘဲ ပျက်ကျတာက ဖြစ်တတ်ပါတယ်။ ၃ခါနဲ့အထက် ပျက်ကျရင်တော့ သေချာ ဆေးစစ်ဖို့ လိုပါတယ်။