I speak with a lisp
ညီမ မေးစရာနေရာမသိလို့ပါရှင့် ညီမငယ်ငယ်ကတည်းက အသံပိုင်းနဲ့ပတ်သက်ပြီး ချို့ယွင်းချက်လေးရှိပါတယ် ပြင်လည်းမပြင်တတ်လို့ပါ
ဒီဟာနဲ့ပတ်သက်ပြီး လုပ်ငန်းခွင်မှာ လှောင်တာတွေ၊ အထင်သေးတာ၊ လူရာမသွင်းတာေတွကို ဆက်ဆံခံရပါတယ်
ညီမအနေနဲ့ ဒါဟာလှောင်ရယ်စရာတော့ ဟုတ်မနေဘူးလေ၊
ညီမအသံက ခွေးလို့ပြောရင် သွေးလို့လူတွေကကြားကြပါတယ် ကလေးကတည်းက ဖေဖေလို့ပြောရင် ပေပေလို့ အသံထွက်တယ်လို့ ဘေးလူတွေက ပြောကြပါတယ်
ဒီေလာက်ဆို ညီမဖြစ်နေတဲ့ အသံကို နားလည်လောက်မှာပါရှင့်
ညီမအသက်က ၂၁ပါ ညီမအသံပီပီပြင်ပြင်ပြောနိုင်ဖို့ဘယ်လိုလုပ်ရမလဲရှင့် ဆရာ၀န်နဲ့ပြရမယ်ဆိုရင်လည်းကုမှာပါရှင့်
အကြံဉာဏ်ပေးကြဖို့ တောင်းဆိုပါတယ်ရှင့်
ရန်ကုန်က ပါရမီကလေးဆေးရုံမှာ Articulationကို ကျင့်ပေးတဲ့ ဆရာ ရှိပါတယ်။ စုံစမ်းကြည့်ပါ။