ကိုယ်ဝန်

ကိုယ်ဝန်ယူနေသူပါ။

အပျိုစဖြစ်ထဲကနှစ်လတစ်ခါလောက်မှ ရာသီပေါ်တတ်သူပါ။

ခု နှစ်လခွဲရှိပြီ ရာသီမပေါ် ဆီးစစ်လည်း မပေါ်လို့ပါ။


ညီမခံစားနေရတာက သူများတွေလို့ အော့အန် မူးတာမဖြစ်ဘူး။

စိတ်မကြည်ဘူး။အမြဲ စိတ်တိုနေတယ်။စိတ်မရှည်ဘူး။

အရင်ဝတ်နေကြအကျီ ကိုယ်ကြိုက်ပါတယ်ဆိုတဲ့ အကျီတောင် မဝတ်ချင်တော့ဘူး။

အိမ်ေန စပန့်ကလွှဲပြီး ဘားမှမဝတ်ချငိတာ။ဝတ်လိုက်ရင် စိတ်တွေပိုကျဉ်းကျပ်ပြီး မနေနိုင်မထိုင်နိုင်ဖြစ်တယ်။

ပြီးတော့ အစာ တစ်လုပ်ဝင်တာနဲ့ ရင်ထဲ မီးလိုပူပူသွားတာ တစ်ရက်ေတာ့ဖြစ်တယ်။

အစာအိမ်ဆေး လေဆေးသောက်တာ သက်သာသွားတယ်။


ခုရက်ပိုင်း ဗိုက်ကြီး အမြဲတင်းနေတာ အစာစားရင် နည်းနည်းနဲ့ ထပ်မစားနိုင်တော့ဘူး။

ဝမ်းလည်း အကြိမ်ရေမများပေမယ့် ဝမ်းပျော့ပျော့သွားလိုက် အရည်သွားလိုက်ဖြစ်တယ်။

အရင်တစ်ခါ လေးငါးရက် ဆက်တိုက်သွားနေလို့ ဆေးခန်းသွားဆေးသောက်ေတာ့ သက်သာတယ်။

တစ်ပတ်လောက်နေတော့ ဝမ်းပြန်ပျော့ပျော့တွေ အရည်တွေ လေတွေ သွားတယ်။


ဆီးစစ်ကြည့်တော့လည်း တစ်ကြောင်းပဲပေါ်သေးလို့ ကလေးရှိနေတာဆို ဆေးတွေကထိမှာစိုးလို့ ဓါတ်ဆားပဲသောက်ပြီး စောင့်ကြည့်နေတာပါ။

ကိုယ်ဝန်ဖြစ်နိုင်ပါသလားရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
5
1

မှတ်ချက် 1ခု

ဆီးစစ်တာမှန်ရင်တော့ ကိုယ်ဝန်မရှိပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်