How we protect ?
Hello doctor bya
ပါတနာနဲ့ပထမအကြိမ် လိင်ဆက်ဆံမလို့ပါ ကိုယ်ဝန်ယူဖို့လည်း အဆင်သင့်မဖြစ်သေးလို့ မရနိုင်ရန်ဘာလုပ်ဆောင်ရမလဲခဗျ
Safeဖြစ်အောင် cd လည်းသုံးမယ်
ပါတနာကိုလည်း emergence pill 2 လုံးပါတာ မလုပ်ခင်တစ်လုံး လုပ်ပြီးရင်တစ်လုံး တိုက်မယ်လို့ စဉ်းစားထားပါတာဆရာ အတ်လိုလုပ်တာက တကယ်ဘဲအကူညီဖြစ်စေလားခဗျ ပါတနာက ရာသီစက်ဝန်းမမှန်ပါဘူးတချို့လကျ လကုန်ပြီး ၅ရက်/တစ်ပတ်လောက် တချို့လကျတော့ လမကုန်ခင်လာတက်ပါတယ်ဆရာ 🙏☹️
ကွန်ဒုံးကို သေချာသုံးမယ်ဆိုရင် အရေးပေါ်တားဆေးမသောက်လည်း ရပါတယ်။
အရေးပေါ်တားဆေးက မနေခင် သောက်ရတာ မဟုတ်ပါ။ နေပြီးမှ သောက်ရတာပါ။ မလိုအပ်ဘဲ အများကြီး လျှောက်သောက်နေရင် ရာသီမှန်မှာ မဟုတ်ပါ။
နဂိုတည်းက ရာသီမမှန်တတ်ရင် ပိုဆိုးပါတယ်။
တကယ်လို့ ၁ပတ်လောက် အချိန်ရဦးမယ်ဆိုရင် ၂၈လုံးပါ တားဆေးကတ်သောက်ပါ။ ၇ရက်ဆက်တိုက်သောက်ထားရင် ၈ရက်မြောက်နေ့ကျ အကာအကွယ်မဲ့ နေလို့ ရပါတယ်။ ပြီးရင် ကတ်ကုန်အောင် သောက်ချင်သောက် ဒါမှမဟုတ် နောက်ဆုံးအတူနေတဲ့နေ့ကနေ ၅ရက်လောက် သောက်ပြီးရင် ရပ်လိုက်လို့ ရပါတယ်။