Hello Sayar
မင်္ဂလာပါရှင် စာလေးနည်းနည်းရှည်လို့သည်းခံပေးပါရှင်
ရာသီစလာထဲကပုံမှန်ရာသီလာနေကြက 3/4ရက်ကိုမှမနည်းမများပုံမှန်ဆင်းပါတယ်
4လပိုင်းမှာကိုယ်၀န်ပျက်ကျပြီး သားအိမ်ခြစ်လိုက်ရပါတယ်
5လပိုင်းမှာရာသီပုံမှန်အတိုင်းပြန်လာပါတယ်
6လပိုင်းမှာ 2ရက်ပဲလာပါတယ်အဲ့ဒီလာနေချိန်မှာ
ယောင်္ကျားပြန်လာဖို့ရှိမလို့ အဲ့ဒီလကိုတလတားဆေးကဒ်သောက်ပါတယ် နောက်ဆုံးတန်း5လုံးလောက်ကျန်တဲ့ချိန်မှာရာသီလာပါတယ်
7လပိုင်း22ရက်နေ့လာတာပါ 24ရက်နေ့ပြီးသွားပါတယ်
25ရက်နေ့မှာအတူနေလိုက်ပါတယ် ယောင်္ကျားကအလုပ်ပြန်သွားရမှာမို့ တလဆေးထပ်မသောက်ချင်တော့လို့ လိုရမယ်ရအရေးပေါ်တားဆေးပဲသောက်လိုက်ပါတယ်
ကြားထဲမှာ ထပ်ပြီးအတူနေတာမရှိတော့ပါဘူး
အခုလ8လပိုင်း25ရက်နေ့မနက်ပိုင်းမှာလာတယ်ဆိုရုံလေးတစက်နှစက်ပဲလာပါတယ် ခုချိန်ထိထပ်ပြီးမလာတော့ပါဘူးရှင်
ဘောင်းဘီမှာတော့သွေးရောင်လိုအဖြူလိုမသိမသာစွန်းတာမျိုးတွေ့ပါတယ် ဘာကြောင့်ဖြစ်နိုင်လဲရှင့် စိုးရိမ်
ရလားဆရာမရှင့်
အရေးပေါ်တားဆေး သောက်ထားတာကြောင့် ရာသီမမှန်တာ ဖြစ်နိုင်ပါတယ်။ နဂိုတည်းကလည်း မှန်တဲ့သူမဟုတ်တော့ ပြောရခက်ပါတယ်။ နောက်လတွေ စောင့်ကြည့်ပါဦး။