Menstruation

ကောင်မလေးနဲ့က Aug1ရက်နေ့မှာအတူနေပါတယ် အကာအကွယ်အရင်ကသုံးနေကျပါ အဲ့နေ့ကနှစ်ယောက်သားစိတ်အလိုလိုက်ပြီး အကာအကွယ်မပါပဲ အတူနေမိကျပါတယ်

အထဲမှာမပြီးပဲ အပြင်မှာလက်နဲ့ပဲပြီးလိုက်တာပါ


နောက်နေ့Aug2ရက်နေ့ညနေ4နာရီမှာUnosure 72တိုက်လိုက်ပါတယ်ဗျ


ရာသီမလာခင် Aug7ရက်နေ့က ခါးကိုက်တယ် ကောင်မလေးကပုံမှန်ဆို ရာသီလာခါနီးတရက်အလိုဆို ခါးကိုက်နေကျပါ


အခုAug8ရက်ဒီမနက်သွေးစက်တွေဆင်းလာလို့ပါ အများကြီးမဟုတ်ပဲ တစ်စက်နှစ်စက်ဆင်းရာကနေ Aug8ညနေကနေ Aug13ရက်နေ့ညနေအထိ ပုံမှန်သွေးဆင်းသလို အနီအညိုသွေးခဲတွေလဲအများကြီးဆင်းပါတယ် ပုံမှန်ရာသီလာသလို


(အတူမနေခင်လဲပုံမှန်သွေးဆင်းရက်အမြဲရာသီလာတဲ့ရက်က၂၆ကနေ၃၀ရက်ရက်နေ့အထိ၅ရက်ကနေ၆ရက်ကြာတက်ပါတယ် လာတိုင်းလဲအများကြီးဆင်းတာပါ )


အခုသိချင်တာက ဆေးကြောင့်ရာသီလာတာလား ဒါမှမဟုတ် ကိုယ်ဝန်ရောရှိနိုင်လားဗျ ကောင်မလေးက စိတ်ကြောင့်လားမသိ မူးတယ်အန်ချင်တယ် ခနခနပြောလို့ပါ ဒါကလဲ ညတိုင်းသူက၉နာရီ၁၀နာရီမှ ညစာစားတက်လို့အဲ့အချိန်တွေတို အစောမကြေလို့ပဲလား ကိုယ်ဝန်ကြောင့်လားသိချင်တာပါဗျ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
21
3

မှတ်ချက် 3ခု

တားဆေးတွေက သွေးဆင်းမမှန်တာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော 10 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

အဲ့တာ ရာသီလာတာလို့တော့ ပြောလို့မရပါ။ ဆေးကြောင့် သွေးဆင်းတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော 10 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဆေးသောက်ပြီးတပတ်မှာ တပတ်အတွင်းမှာ ရာသီလာတယ်ဆိုရင်ကိုယ်ဝန်မရှိဘူးဆိုတာ မှန်ပါသလားခင်ဗျာ

လွန်ခဲ့သော 10 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်