Men Health
ဟဲလို
ကျွန်တော် ညနေကအပြင်သွားပြီးပြန်လာတော့ လက်မဆေးမိပဲ လိင်တံကိုထိတွေ့မိခဲ့ပါတယ် ရုတ်တရက်တန်းသိတာလာတာက လိင်တံမှိုထိပ်နားယားယံလာပါတယ် သိသိချင်းပဲကျွန်တော် အရည်ပြားအောက်ကိုလှန်ပြီးဆပ်ပြာလေးနဲ့ဆေးတဲ့အချိန် အရေပြားအောက်ကနေရာတစ်ခြမ်းလောက်မှု အနီရောင်အစက်အပြောက်အဖုလေးတွေပေါ်လာတာကိုတွေ့ရပါတယ် မှိုစွဲတာဖြစ်မှာစိုးလို့ သေချာလေးဆေးပြီး အစိုဓါတ်မကျန်အောင် တစ်ရှူးလေးနဲ့သေချာခြောက်အောင်သုပ်ပြီး အရေပြားကိုပြန်ဖုံးခဲ့ပါတယ်။ ဒီရက်ပိုင်းအိမ်မှာပဲ ဘယ်မှမသွားဖြစ်လို့ရေမချိုးတာ ၂ ရက်ပါ ဖြစ်ချင်တော့ ဘောင်းဘီတိုလည်းမလဲခဲ့မိပါဘူး
စိုးရိမ်ရတဲ့အခြေအနေရှိလားဗျ
ဆပ်ပြာလေးနဲ့နေ့တိုင်းသေချာပြန်ဆေးပေးရင်ပျောက်နိုင်ပါလားခင်ဗျ လိင်မဆက်ဆံတာလည်း ၃ ရက်ရှိပါပြီ
ဖြေပေးတဲ့အတွက်ကျေးဇူးပါဗျ
ယားတာ၊ နာတာရှိလား။
တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ
အတွင်းခံလည်း ပုံမှန်လဲပါ