Orgasm during pregnancy
မင်္ဂလာပါဆရာ
ကျမ ပထမကိုယ်ဝန် ၂၈ ပတ်နဲ့သွေးဆင်းလို့ ခွဲမွေးထားပြီး ၁၈ လအကြာမှာ အခု ဒုတိယကိုယ်ဝန်ပါ.
အပတ် ၂၀ မှာ ultra sound ရိုက်တော့ အချင်းရှေ့ရောက်နေတယ်ပြောပါတယ် grade1 လို့ပြောပါတယ်.
အမျိုးသားနဲ့ အတူမနေပေမယ့် လိင်စိတ်ဖြစ်ပေါ်လို့ masterbate လုပ်ရင်း orgasm ရပါတယ်. အဲ့ဒါ ဘယ်လိုမျိုးနောက်ဆက်တွဲ ဖြစ်ပေါ်နိုင်ပါလဲရှင့်.
သန္ဓေသားကို ထိခိုက်နိုင်ပါလားရှင့်
Grade 1က တအားပိတ်တာမျိုးတော့ မဟုတ်ပါ
အတူနေတဲ့အခါ၊ အာသာဖြေတဲ့အခါ ရှေ့မှာပိတ်နေရင်သွားထိတာမျိုး ရှိနိုင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ကိုယ်အခြေအနေလေးကိုပြန်တိုင်ပင်ကြည့်ပါ
အချင်းက လနုချိန်ဆို ရှေ့မှာပိတ်တတ်ပါတယ်
နောက်ပိုင်းမှာအများစုက နေရာပြန်မှန်သွားပါတယ်
အတူနေတဲ့အခါ ကြမ်းကြမ်းတမ်းတမ်းမနေပါနဲ့
အမျိုးသမီး သက်သောင့်သက်သာဖြစ်တဲ့ပုံစံနဲ့နေပါ
မိန်းမကိုယ်ကို လေနဲ့ မမှုတ်ပါနဲ့