Genital Warts
လိင်အင်္ဂါကြွက်နို့(genital warts)
အမျိုးသမီး လိင်အင်္ဂါနဲ့ စအို ကြားမှာ လိင်အင်္ဂါကြွက်နို့ပုံစံ ထွက်လာလို့ပါ ထွက်နေတဲ့ ကြွက်နို့ပုံစံတွေက ယောနိအတွင်းပိုင်းထိပါ နည်းနည်း ဝင်ပေါက်နေပါတယ်
အတူတူ အကာအကွယ်မပါပဲ တလတခါ လိင်ဆက်ဆံလာတာ ၁ နှစ်နဲ့ ၄ လ ရှိပါပြီ အခု ဒီ June လ ကြမှ ပေါ်လာလို့ ပါ
အလုပ်တွေက မအားတော့ မတွေ့နိုင်တဲ့အခါ အမျိုးသမီးက ကြွက်နို့ ပေါက်နေတဲ့ လက်နဲ့ အာသာဖြေမိတယ် ပြောပါတယ် အမျိုးသမီး လက်မှာ လဲ ကြွက်နို့ ၂ ခု လောက် ရှိပါတယ်
လိင်အင်္ဂါအနားမှာ ကြွက်နို့ ပုံစံ ပေါက်နေတာက လိင်ဆက်ဆံတဲ့အခါ စိတ်အနှောက်အယှက်ဖြစ်ရလို့ ဘယ်လိုလုပ်ရမလဲ အကြံပေးပါ ဆရာ
ဘယ်လို လိမ်းဆေးမျိုးတွေ ဝယ်လိမ်းသင့်ပါသလဲ
လက်ရှိ ၂ ယောက်လုံးမလေးရှား မှာပါ မလေးရှား genital warts treatment လုပ်တဲ့ ဆေးခန်းတွေမှာ သွားပြသင့်လား အကြံပေးပါဆရာ
အတွင်းထဲထိ ပေါက်တာဆိုရင်တော့ နီးစပ်ရာဆေးခန်းမှာ ပြနိုင်ရင် ပိုကောင်းပါတယ်။ မပြနိုင်သေးရင် မြန်မာနိုင်ငံက အွန်လိုင်းဆေးခန်းတွေကနေ အရင်ပြကြည့်ပါ။