ovulation day မှာ unprotected sex လုပ်မိရင် အရေးပေါ်တာဆေးက ထိရောက်ပါသလား
Hello ဆရာ/ဆရာမခင်ဗျာ
ကျနော့် ကောင်မလေးက Flo App အရ ovulation day က (5 May 2024) လို့သိရပါတယ်။ (7 May 2024) မှာ ကျနော်တို့ unprotected sex လုပ်ခဲ့ပါတယ်။ အဲဒီနောက် ကျနော့်ကောင်မလေးကို မိနစ်ပိုင်းအတွင်း Unosure 72 တားဆေး သောက်စေခဲ့ပါတယ်။ အဲဒါ ကိုယ်ဝန် ရနိုင်ခြေရှိပါသလား။ ဆေးက ထိရောက်ပါ့မလားဆိုတာ စိုးရိမ်နေလို့ပါခင်ဗျာ။ ကျေးဇူးပြု၍ ဖြေပေးစေလိုပါတယ်ခင်ဗျာ 🙏🙏🙏
သားဥက အဲ့နေ့ ကြွေမှာ သေချာလို့လား။ ဒါတွေက ခန့်မှန်းခြေပဲ ရှိတာပါ။ အရေးပေါ်တားဆေး သောက်ထားရင်တော့ ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။