Dear Sir or Madam, Please Answer the question.
ပြီးခဲ့တဲ့လက ကျနော့် အမျိုးသမီး၏ ရာသီသွေးဆင်းပြီး 2၊ 3ရက်အကြာမှာ ဘာအကာအကွယ်မှ မသုံးပဲ အတူနေခဲ့ပါတယ် ။အပြင်မှာပဲ ထုတ်လိုက်တာပါ။ ဒါပေမယ့် မနေ့က 2ရက်နေ့မှာ သွေးဆင်းပါတယ်။ နည်းနည်းပဲ ဆင်းပြီးရပ်သွားတာပါ။ ပုံမှန် ဆင်းရမယ့်ရက်ထက်လည်း တစ်ပတ်ခန့် ပိုစောနေပါတယ်။ ကိုယ်ဝန်ရှိတဲ့ လက္ခဏာလားခဗျ။ အရင်လက သွေးဆင်းတာက 11,12,13 ဝန်းကျင်ပါ တစ်ချက် ဖြေကြားပေးစေလိုပါတယ် ဆရာ/ ဆရာမတို့ခဗျာ။ အမျိုးသမီးနဲ့လည်း တစ်နေရာဆီ ဖြစ်နေလို့ပါဗျ
ရာသီရက်တွေက စောတာ၊ နောက်ကျတာ ရှိတတ်ပါတယ်။ နောက်ရက်တွေ ပုံမှန်ရာသီလာသလို လာတာလားဆိုတာကို စောင့်ကြည့်ပေးပါ။