Periods
မတ်လ ၁၃ ရက်နေ့က ရာသီလာထားပါတယ် အခု April လမှာ လာရမယ့်ရက်ထက်ကျော်နေပြီး အခုထိမလာသေးလို့ပါ ဗိုက်ထဲမှာအစာမကျေသလို တင်းတင်းကြီးဖြစ်ဖြစ်နေတတ်ပြီးနေရထိုင်ရ အဆင်မပြေပါဘူး။ ဇန်နဝါရီလောက််မှာ bf နဲ့ အတူနေခဲ့ဖူးပါတယ်။ ကိုယ်ဝန်တော့ မဟုတ်လောက်ပါဘူးနော် ဆရာရှင့်
















ဇနိနဝါရီမှာနောက်ဆုံးအတူနေထားတာလား
မတ်လမှာ ရာသီလာပြီးနောက်ပိုင်း အတူနေထားတာမရှိရင် ကိုယ်ဝန်မရှိပါဘူး
အမျိုးသမီးတွေမှာ ရာသီစောတာနောက်ကျတာက သဘာဝအားဖြင့်လည်း ဖြစ်တတ်ပါတယ်
ဟော်မုန်းအပြောင်းအလဲဖြစ်တာ စိတ်ဖိစီးမှုများတာ အစားအသောက်မမှန်တာ ပိန်လွန်းတာ ဝလွန်းတာတွေအပြင် တခြားအကြောင်းအရင်းတွေလည်းရှိနိုင်ပါတယ်
အဲ့တော့စိတ်အေးအေးထားပြီး ရာသီကိုစောင့်ကြည့်ပါ
အစားအသောက်အာဟာရပြည့်ဝအောင်စားပါ
စိတ်ဖိစီးမှုနည်းအောင်နေပါ