(Ear) နားတဖက်အူခြင်း
မင်္ဂလာပါရှင့်
အသက် ၅၂ နှစ် အမျိုးသားပါ။ နားအူလို့ ဆေးခန်းသွားပြခဲ့တာပါ။ ဆေးရုံကဆေးဆိုင်မှာဆေးဝယ်တော့ အလယ်က မျှားလေးနဲ့ထိုးပြထားတဲ့ဆေးက အစာအိမ်ဆေးဆိုပြီး ဘေးကဆေးကဒ်လေးပေးလိုက်ပါတယ်။ အဲဒီဆေးလေး မှန် မမှန်သိချင်လို့ပါ။ စာလေးဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ တခြား option ရွေးမရလို့ ကိုယ်ဝန်ဆောင်ခေါင်းစဉ်အောက်မှာမေးရတာ စိတ်မရှိပါနဲ့နော်
Danzenကို ညွှန်းလိုက်တာလို့ ထင်ပါတယ်။
Danzenဆိုရင် serrapeptase ပါရမှာပါ။
အခုက omeprazole ဖြစ်နေပါတယ်နော်။
Danzenအတိုင်း မဟုတ်ရင်တောင် ပါဝင်ပစ္စည်းတော့ တူရမှာပါ။