Pregnant
Hello Doctor ရှင့်
Drosperin 30 သောက်တာ နှစ်ကဒ်မြောက်ပါ ပထမကဒ်တုန်းက သောက်သောက်ချင်းဘာမှမဖြစ်ပဲ ဒုတိယကဒ် စသောက်မှ ခေါင်းတွေနောက်ပြီးအန်ချင်သလိုဖြစ်နေလို့ပါ
အန်လို့လဲမရပါဘူး
အရင်ဆေးကဒ်သောက်နေတုန်း unprotected hs ရှိခဲ့ပေမဲ့ menstruation ဖြစ်ပြီးပါပြီ menstruation ပြီးတဲ့ရက်မှာ နောက်ကဒ်အသစ်စသောက်ပါတယ်ရှင့်
Menstruation ဒုတိယ ရက်မှာတော့အစာအိမ်အောင့်ထားတာရှိပါတယ်
အဲ့ကြောင့်ပဲ လေပွပြီးအန်ချင်သလိုဖြစ်တာလား
အရင်ဆေးကဒ်သောက်နေတုန်းက အချိန်မမှန်ပါဘူး နာရီဝက်တနာရီနောက်ကျပြီးမှသောက်ဖြစ်တာမျိုးလဲရှိပါတယ် pregnant ကြောင့်ပဲလ
ာရှင့်
ရာသီလည်းလာထားတယ် ဆေးကတ်ကလည်း ရက်လွန်မနေဘူး ဆေးလည်းပြတ်သွားတာမရှိဘူးဆိုရင် ကိုယ်ဝန်မရှိပါဘူး
နာရီဝက် တစ်နာရီတော့ အပြောင်းအလဲ ဖြစ်လို့ရပါတယ်
ဆေးမှာပါတဲ့ဟော်မုန်းတွေကြောင့် ပျို့တာအန်တာဖြစ်နိုင်ပါတယ်
ဖြစ်နိုင်ရင် ညမအိပ်ခင်မှာသောက်ပါ အိပ်ပျော်သွားတော့ ပျို့တာအန်တာ သိပ်မခံစားရတော့ဘူးပေါ့
ပြီးတော့ မသက်သာဘူး အရမ်းဆိုးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အခြားကိုယ်နဲ့ကိုက်မယ့် သားဆက်ခြားနည်းလမ်းကိုပြောင်းလဲအသုံးပြုပါ