Birth Control
26.3.2024ရက်နေ့ကစပြီး နေ့စဉ်သောက်သန္ဓေတားဆေးစသောက်ပါတယ်။3.4.2024(8ရက်မြောက်)နေ့ကစပြီး ခေါင်းအရမ်းမူးပြီး အမြင်အာရုံတွေဝါးလာပါတယ် ဘယ်ဘက်မျက်လုံးကပဲဖြစ်တယ်လို့ခံစားရပါတယ်။5.4.2024ညမှာဘယ်ဘက်မျက်လုံးက၁၀စက္ကန့်စာလောက်လုံးဝဝါးပြီး ၁၀စက္ကန့်အကြာမှာတော့ပြန်လျော့သွားခဲ့ပေမယ့် အမြင်အာရုံကတော့ဝါးနေဆဲပါပဲ။6.4.2024ညနေပိုင်းမှာတော့ ခေါင်းမူးတာသက်သာသွားပြီး မျက်လုံးအမြင်အာရုံဝါးတာကအနည်းငယ်သက်သာလာပါတယ်။ အဲ့လိုဖြစ်ရခြင်းက နေ့စဉ်သောက်သန္ဓေတားဆေးနဲ့များသက်ဆိုင်နေမလားသိချင်ပါတယ်။ရောဂါတခုခုကြောင့်မို့လား၊စိုးရိမ်ရလား သိချင်ပါတယ်ရှင့်။ကျေးဇူးပြုပြီးဖြေကြားပေးပါ ဆရာတို့ရှင့်
နေ့စဥ်သောက်ဆေးတွေက ဟော်မုန်းတွေ ပါတာဖြစ်တဲ့အတွက် ဒီလိုဘေးထွက်ဆိုးကျိုးတွေခံစားရတတ်ပါတယ်
နီးစပ်ရာဆေးရုံဆေးခန်းမှာ ဆရာဝန်နဲ့တိုင်ပင်ပြီး တခြားသားဆက်ခြားနည်းလမ်းတစ်ခုခုကိုရွေးချယ်အသုံးပြုသင့်ပါတယ်