🔥 ရေပန်းစားသောအကြောင်းအရာ

Answer

ဆရာတို့ခင်ဗျာ

ကျွန်တော်ကောင်မလေးက ရာသီလာတာ မှန်တယ်လို့ပြောပါတယ် ပုံမှန်လာတဲ့ရက်ထက် နဲနဲစောတာ နောက်ကျတာပဲရှိပါတယ် မတွေ့ခင်ရက်ကရာသီလာနေတာ ၂၆ ရက်နေ့မှပြီးသွားပါတယ် Feb 28 ရက်နေ့မှ အကာအကွယ်သုံးပြီးအတူတူနေမိပါတယ် အခုမှတူတူနေမိတာအစမို့လို့ ခနပဲနေမိပါတယ် နောက်နေ့

၂၉ ရက်နေ့ တူတူနေပြီးတော့ စိတ်မချမှာစိုးလို့ Unosure 72 အရေးပေါ်တားဆေး ၁လုံးတည်းပါတဲ့ဆေး ကိုတိုက်ခဲ့ပါတယ် ဆေးသောက်ပြီးတော့လဲ ခေါင်းမူး ခေါင်းကိုက်တာလောက်ပဲရှိပါတယ် ကိုယ်ဝန်ရနိုင်သေးလား အခြေအနေလေးသိချင်လို့ပါ ပြီးတော့

အရေးပေါ်တားဆေးတွေကဆေးအာနိသင်တူတူပဲလားခင်ဗျာ ကျေးဇူးပြုပြီးဖြေပေးပါခင်ဗျာ

0
17k
မှတ်ချက် 3 ခု

မှတ်ချက် 3ခု

ကွန်ဒုံးလည်းသုံးတယ် ဆေးလည်းသောက်တယ်ဆိုတော့ ရနိုင်ချေတော်တော်နည်းပါတယ်

အရေးပေါ်တားဆေးတွေက ရေရှည်စွဲသုံးရင်တော့ အာနိသင်ကျတာ ဘေးထွက်ဆိုးကျိုးတွေရှိတာတွေဖြစ်နိင်ပါတယ်

အခြားသားဆက်ခြာယနည်းကိုရွေးချယ်အသုံးပြုပါ

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

အကုန်လုံး က အတူတူပါပဲ

အရေးပေါ်တားဆေးဆိုတဲ့အတိုင်း အရေးပေါ်အခြေအနေမှပဲ​​ သောက်သင့်ပါတယ်

ရေရှည်သောက်ရင်တော့ ဆေးအာနိသင်ကျပြီး ကိုယ်ဝန်ရနိုင်သလို အခြားဆိုးကျိုးတွေလည်းရနိုင်ပါတယ်

ဒါ့ကြောင့် ရေရှည်အတွက် အခြားသားဆက်ခြားနည်းလမ်းတစ်ခုခုကို စနစ်တကျအသုံးပြုပါ

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Dr Minn Phone Myint

အရေးပေါ် တားဆေးတော်တော်များများကဆေးအာနိသင်တူတူပဲလားခင်ဗျာ အခုဆေးကဘေးထက်ဆိုးကျိုးသိပ်မပြတော့ နောက်ပိုင်းမှ​ဘေးထွက်ဆိုးကျိုးပိုစိုးမှာစိုးလို့ပါ အရေးပေါ်တားဆေးတွေကအကုန်တူတူပဲလား

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်