Hello
ရင်သားထိပ်က ထိတာနဲ့နာပြီး ရင်သားနှစ်ဖက်စလုံး ကိုင်ရင်ထိပ်မှာအကျိတ်လိုတင်းပြီးနည်းနည်းအလုံးပုံစံဖြစ်နေပါတယ် ဆီးကျင်ပြီး ခနခန ဆီးသွား ပါတယ် ဝမ်းလဲချုပ်ပါတယ် ခေါင်းမူးပြီး အန်ပါတယ်(အရင်ထဲက အီတဲ့အစားအစာ တွေစားရင် အန်တတ်ပါတယ်) လက်မောင်းထဲ ၃နှစ်ခံ တား ဆေးထည့်ထားတာပါ စထည့်ထဲက ရာသီမလာတာ ၁၁လလောက် ရှိပါပြီ ကိုယ်ဝန်ဘဲရှိ နေတာလား တခြားတစ်ခုခု ကြောင့်ဖြစ်မှာစိုးလို့ပါ 🥺
လက်မောင်းအောက်ပစ္စည်းထည့်ထားရင်တော့ ရနိုင်ခြေ နည်းပါတယ်။ ဒါပေမယ့် တားဆေးတိုင်းမှာ failure rateဆိုတာလည်းရှိတော့ ကိုယ်ဝန်ကို စိတ်ပူရင် နောက်ဆုံးအတူနေထားတာ ၃ပတ်ပြည့်တဲ့အခါ ဆီးစစ်ကြည့်ပါ။