Period
Hello sir , ကျွန်မက ကလေးယူနေသူပါ ။ ရာသီစက်ဝန်းက ပုံမှန် ၃၂ ,တချို့လ ၃၅ရက်ပါ။လတိုင်းလည်း နည်းနည်းနောက်ဆုတ်ပြီးမှလာပါတယ် ။ အရင်လက ၁၄ ရက်မှာလာပြီး ၁၆ရက်မှာပြီးပါတယ်။ ဒိလမှာဘနေကျရက်ထပ်ပိုစောလာပါတယ်။ ဒီလ ၁၂ရက်နေ့က လာပြီး သွေးရည်ကြည် daily pad တခုစာလေးဆင်းပါတယ် ။နောက်ရက်ကျတော့ သွေးအနီလေး ဘောင်းဘီပေယုံဆင်းပါတယ်။ ဒီနေ့လည်း သွေးအညို daily pad တခုပေယုံလောက်ပဲဆင်းပါတယ်ရှင့် ။ ရင်သားလည်းအရမ်းနာပါတယ် ဆီးစစ်ကြည့်တော့လည်း ၁ကြောင်းပဲပေါ်ပါတယ်ရှင့် ။ ဘာကြောင့်ဖြစ်တာလည်းရှင့် စိုးရိမ်လို့မေးကြည့်တာပါရှင့်
ရာသီလာချင်နေတာပါ။ နောက်ရက်တွေ စောင့်ကြည့်ဦးနော်။ ကိုယ်ဝန်ယူမယ်ဆို ကလေးမှာ ချို့ယွင်းချက် မပါအောင် ဖောလစ်အက်စစ်ကြိုသောက်ထားနော်။