ကိုယ်ဝန်ရှိမရှိမေးခြင်း
ဆရာရှင့် သမီး ၁၃ရက်နေ့ မနက်က ရည်းစားနဲ့ အတူနေမိပါတယ် ကွန်ဒုံးလဲ သုံးပါတယ် ညနေမှာ လဲ အရေးပေါ်တားဆေး ဝယ်သောက်လိုက်ပါတယ် အ့၁၃ရက်နေ့က မျိုးဥကြွေသလို အဖြူပျစ်ပျစ်တွေလဲ ဆင်းပါတယ် ၁ပတ်ကြာတော့ ရာသီသွေးလို အနီရောင်ဆင်းပါတယ် အတုံးတော့မပါပါဘူး အ့တာ ကိုယ်ဝန်ရှိမရှိ သိချင်ပါတယ်
တားဆေးတွေက သွေးဆင်းမမှန်တာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။