ကိုယ်ဝန်တားခြင်း
ဆရာရှင့် ညီမက မတ်လ ၂ ရက်နေ့ညမှာ ရာသီစလာပြီး ၄ရက်နေ့ကစပြီး ရာသီက ပုံမှန်ထက် ပမာဏနည်းစွာ လာပြီး ၅ရက်နေ့မှာ လုံးဝ မလာတော့ပါဘူး။ ၃ရက်နေ့တစ်ရက်ပဲ ပုံမှန်ပမာဏ လာခဲ့ပြီး ချုပ်သလို ဖြစ်သွားခဲ့ပါတယ်။ ၂၀ ရက်နေ့မှာ အညိုရောင်တွေ ပြန်စဆင်းပြီး ၂၃ လောက်မှာ ပုံမှန်သွေးအရောင်နဲ့ လာပြီး ၂၅ ရက်နေ့မှာ ရာသီပြီးသွားပါတယ်ဆရာ။ ရာသီက ပုံမှန်လာလေ့ မရှိသူပါ အမြဲ ၁ ပတ် ၂ ပတ်လောက်အထိ နောက်ကျပါတယ်။ခုလာမယ့် april 9 10 11 မှာ အမျိုးသားက နယ်က ပြန်လာမှာမို့ အတူနေချင်ပေမဲ့ ကိုယ်ဝန်ကတော့ မရချင်သေးပါဘူး။ နောက်ဆုံးသွေးဆင်းတဲ့ ၂၀ ရက်နေ့နဲ့တွက်ရင် သားဥကြွေတဲ့ ရက်နဲ့ တိုက်နေတယ်လို့ ထင်လို့ပါ ။ အဲ့ဒါ ကွန်ဒုံးတစ်မျိုးပဲ သုံးမယ်ဆိုရင် အဆင်ပြေလားရှင့်
ရာသီမမှန်တဲ့အတွက် သားဥကြွေတဲ့ရက်ကလည်း မှန်ဖို့ ခက်ပါတယ်။ ကွန်ဒုံးကတော့ မှန်မှန်ကန်ကန် သုံးမယ်ဆိုရင် ကိုယ်ဝန်ကို သေချာတားနိုင်ပါတယ်။
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/how-to-use-condom-properly/
hellosayarwon.com