ကိုယ်ဝန်ဆောင်စဉ် ဆီးစပ်ကိုက်ခြင်း
ကျွန်မက အခု ကိုယ်ဝန်ဆောင် ပထမ သုံးလပတ်ထဲမှာပါ။ ကလေးက 8ပတ် 9ပတ်ထဲမှာပါ။ ခံစားရတဲ့လက္ခဏာတွေက ဆီးစပ်တွေ အမြဲကိုက်ပြီး ညဘက်ဆိုလဲ အိပ်မပျော်ဖြစ်နေပါတယ်။ အမြဲတမ်းလဲ အော့ချင်အန်ချင် ဖြစ်နေပေမဲ့ အန်တော့ မအန်ပါဘူး။ မကြာခဏတော့ ဆီးသွားဖြစ်ပါတယ်။ မောပြီး အသက်ရှူ မဝတာမျိုးလဲ ရှိပါတယ်။ သွေးတော့ မဆင်းပေမဲ့ အဖြူဆင်းထားတာရှိပါတယ်။ ရင်သားကြီးလာသလို နာလဲနာပါတယ်။ လမ်းနည်းနည်းလျှောက်တာ စက်ဘီးစီးတာတော့ ရှိပါတယ်။ စိုးရိမ်စရာ အခြေအနေ ရှိလားရှင့်။ ပြီးတော့ ဆီးစပ်ကိုက်တာကို သက်သာမယ့်နည်းလမ်းရှိလားရှင့်။ ဆေးကတော့ folic acid 5mg တစ်မျိုးပဲ တစ်နေ့ တစ်လုံးသောက်ပါတယ်ရှင့်။ ဆရာ ကျေးဇူးပြု၍ ဖြေကြားပေးပါဦးရှင့်။
အဲ့တာတွေက ပုံမှန်ပါပဲ။ ကိုယ်ဝန်မအပ်ရသေးရင် အပ်ထားပါ။