🔥 ရေပန်းစားသောအကြောင်းအရာ

မေမေတို့ ကိုယ်ဝန်ဆောင်ကာလ (၁၈) ပတ်အတွက် သိကောင်းစရာများ

ကလေးလေးဘယ်လိုဖွံ့ဖြိုးလာမှာလဲ


၁၈ပတ်ဆို ကလေးက ငရုပ်ပွအရွယ် ၂၀၀ ဂရမ်၊ ၁၄ စင်တီမီတာလောက်ရှိပါပြီ။ ကလေးလေးက နည်းနည်းစလှုပ်လာပါပြီ။ ကလေးလေးလှိမ့်တာ လည်နေတာ ကန်တာကို သိလာပြီနော်။ ကလေးသန်းတာကအစ ကျို့ထိုးတာအထိကို မေမေတို့သိနေပါပြီ။ သားသားမီးမီးကတော့ မြန်မြန်ဆန်ဆန်ကြီးထွားနေတဲ့ အကြောင်းကို မေမေတို့ကိုသတင်းပေးနေပြီနော်။ နားရွက်လေးကလည်း ဖွံ့ဖြိုးပြီးသားဆိုတော့ မေမေတို့ အသံကိုကောင်းကောင်းကြားနိုင်ပါတယ်နော်။ ကလေးကိုစကားစပြောဖို့ အချိန်ကောင်းပဲနော်။ ကလေးလေးက မေမေတို့အသံ၊ နှလုံးခုန်သံ၊ အချင်းကိုဖြတ်ပြီးသွေးစီးသံကိုကြားရတဲ့အခါ စိတ်သက်သာရာရစေပါတယ်။ ကလေးလေးရဲ့မျက်လုံးလေးတွေက အရင်ကလို ဘေးကိုဆွေမနေတော့ဘဲ အရှေ့တည့်တည့်ကိုကြည့်နိုင်တဲ့အထိကို ကောင်းကောင်းဖွံ့ဖြိုးလာပါပြီ။ ဒီအချိန်မှာ ဗိုက်အရှေ့ကနေပြီး ဓါတ်မီးနဲ့ထိုးရင် ကလေးလေးက သိနိုင်ပါတယ်။


ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ


ကျောနာတာ ပိုဆိုးလာတတ်ပါတယ်။ ဒါကပုံမှန်ပါပဲ။ ဗိုက်က ပိုကားလာလေ ခါးအောက်ပိုင်းက ပိုနာလာလေပါ။ အဓိကအကြောင်းရင်းက ကိုယ်မှာရှိတဲ့ ကမ္ဘာ့ဆွဲအားဗဟိုချက်ပြောင်းပြီ ကျောအောက်ပိုင်းကို ပိုပြီးဖိအားပေးသလိုဖြစ်သွားလို့ပါ။ ကိုယ်ဝန်ဆောင်ဟော်မုန်းက တင်ပါးကအရိုးတွေနဲ့ အရွတ်တွေကို လျော့ရဲလာအောင် လုပ်လို့လည်း ဖြစ်တတ်ပါတယ်။ အောက်မှာသက်သာစေနိုင်မဲ့နည်းလေးတွေ ပြောပြထားပါတယ်။


• တစ်နာရီထက်ပိုကြာအောင်မထိုင်ပါနဲ့။ ကြွက်သားနဲ့အဆစ်တွေကို လှုပ်ရှားပေးဖို့ မမေ့ပါနဲ့။ သွေးလည်ပတ်အားကောင်းအောင် တစ်နာရီခြားတစ်ခါ မတ်တပ်ရပ်ပြီးလှုပ်ရှားတာမျိုး လုပ်ပေးပါ။ တကယ်လို့ အလုပ်က တစ်နေရာတည်းကိုအကြာကြီးထိုင်နေရတာမျိုးဆို ကျောမှာ ဖိအားတွေသိပ်မများအောင် ခြေထောက်တင်ဖို့ ခုံလေးထားထားပါ။


• အကြာကြီးရပ်တာမျိုးလည်း မလုပ်သင့်ပါဘူး။ ဆေးကြောတိုက်ချွတ်ဖို့ အကြာကြီးရပ်ရမယ်ဆိုလည်း ခန္ဓာကိုယ်နဲ့ကျောကိုဖိအားသိပ်မရောက်အောင် ချောမွေ့ပြီးထူထည်းတဲ့ ကော်ဇောမျိုးပေါ်မှာရပ်ပါ။


• အလေးအပင်တွေလည်း မ မရဘူးနော်။ မလုပ်မဖြစ် လုပ်ရမယ်ဆိုရင်တော့ ဖြည်းဖြည်းဘဲ မ ပါ။ ရပ်ရင် ခြေနှစ်ဘက်ကို ပခုံးအကျယ်လောက် ရပ်ပေးးပါ။ ကုန်းရင်လည်း ဒူးကအရင်ကွေးပြီးမှကုန်းပါ။ ဈေးဝယ်ထွက်လို့ လေးနေရင် လက်တစ်ဖက်စီကို အလေးတွေမျှပြီးခွဲသယ်ပါ။


သိသင့်သိထိုက်တာလေးတွေ


တစ်ခါတစ်လေ ကိုယ်ဝန်ဆောင်ချိန်မှာ အာသာပြင်းပြပြီးရင် ပူရင်ဆာဖြစ်စေတဲ့ အပူအစပ်တွေကို ပိုစားမိစေပါတယ်။ ကိုယ်အစာအိမ်အခြေနေကြည့်ပြီး စွတ်ပြုတ်ထဲကိုထည့်တဲ့ ငရုပ်သီးပမာဏကိုချိန်ဆပါ။ ကိုယ်မှာရှိတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အစာခြေစနစ်က စွမ်းဆောင်အားတွေ ကျပါတယ်။ ဇီဝကမ္မလုပ်ဆောင်မှုတွေကျဆင်းလာပြီး အစာအိမ်နဲ့အူတွေမှာ ကျုံ့အားတွေကျလာလို့

အစာချေရပိုခက်စေပါတယ်။ ဒါကြောင့် အစာကိုနည်းနည်းနဲ့ အကြိမ်ရေများများစားပေးဖို့ အကြံပေးပါရစေ။ ရင်ပူရင်ဆာမဖြစ်ရအောင်လို့ပါ။

မေမေတို့ ကိုယ်ဝန်ဆောင်ကာလ (၁၈) ပတ်အတွက် သိကောင်းစရာများမေမေတို့ ကိုယ်ဝန်ဆောင်ကာလ (၁၈) ပတ်အတွက် သိကောင်းစရာများ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
101
3

မှတ်ချက် 3ခု

ကိုယ်ဝန်18မှာ ချက်ရဲ့ ဘယ်ဘက်ခြမ်းတဝိုက် လေအောင့်သလို ချက်နာသလို နေ့ဘက်ယောညဘက်ယော ခံစားနေရပါတယ်ဆရာ ညဘက်တွေပိုဆိုးပါတယ် အထဲက ခလေးများတခုခုဖစ်လို့လား သိချင်လို့ပါဆရာ လက်ရှိက သူများနိုင်ငံမှာ နေနေရတာမို့လိ​ု့ 🙏

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကိုယ်ဝန်ဆောင်အနေနဲ့ခန့်မှန်းအလေးချိန်ဘယ်လောက်ထိမလို့ရလဲရှင့်

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@NawHteGayMue

ဒါက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ကိုယ်ဝန်ဘယ်နှလလဲ၊ တစ်ရက်ကို ဘယ်နှခါမမှာလဲ၊ မ ရုံပဲလား၊ သယ်ပြီး သွားမှာလား၊ ဘယ်လိုပုံစံနဲ့ မမှာလဲ စတဲ့အချက်တွေအပေါ်လည်း မူတည်ပါတယ်။ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည်လည်း မတူပါဘူး။

ဥပမာ ကိုယ်ဝန် ၅လချင်း တူရင်တောင် သူသယ်နိုင်တာနဲ့ ကိုယ်သယ်နိုင်တာနဲ့ မတူပါဘူး။


ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မမတာကတော့ အကောင်းဆုံးပါ။ ဖြစ်နိုင်ရင် သူများကို အကူအညီတောင်းပါ။ မနိုင်ဝန်ကို မမိတဲ့အခါ မတော်တဆ ခါးနာတာ၊ ချော်လဲတာတွေ ဖြစ်တတ်ပါတယ်။

တချို့လေ့လာချက်တွေမှာ လနုချိန်မှာအလေးအပင်မတာ များလွန်းရင် လမစေ့ဘဲ မွေးတတ်တယ်လို့လည်း ဆိုပါတယ်။


လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်