2လပိုင်း 15ရက် နေ့မှာ အတူတူ နေဖြစ်ပါတယ်။ ဒါမဲ့ သူ့အထဲကို လက်နဲ့ပဲလုပ် ပေးဖြစ်တာပါ။ကျွန်တော့်ဟာရဲ့ ရှေ့ပြေးအရည်ကြည်ကိုင်ထားမိတဲ့လက်နဲ့ လုပ်မိလိုက်တာ
... ပိုမိုကြည့်ရှုရန်"ကိုယ်ဝန်ဆောင်ချိန်ထူးခြားတဲ့ချင်ခြင်းတက်ခြင်းများ"
မဂ်လာပါရှင် ကျမမှာ သမီးလေးတယောက်ရှိပါတယ် အခုဒုတိယကိုယ်ဝန်၄လရှိနေပါပြီ ၅လပိုင်း၂၀ ရက်ရာသီလာပြီးနောက် တားဆေး မာဘယ်လွန်28ကိုဖြတ်ပြီး ဖောလစ်အက်ဆစ်တနေ့၁လုံးသောက်ပြီးကိုယ်ဝန်စယူပါတယ် ၆လပိုင်းကုန်ထိရာသီမလာတော့ဆီးစပ်ကတင်းသလို နဲ့ဆီးမကြာမကြာသွားဗိုက်ကလည်းပူလာသလိုခံစားနေရတော့ဆီးစစ်ကြည့်တာ၂ကြောင်းပေါ်တာနဲ့og နဲ့သွားပြပြီးUSGရိုက်ကြည့်တာကိုယ်ဝန်၄ပတ်ရှိနေပါပြီ og မှခိုင်ဆေးနဲ့ဖောလစ်အက်ဆစ်တနေ့၁လုံးစီသောက်ခိုင်းပါတယ် ကိုယ်ဝန်စရှိတာသိတဲ့အချိန်ကစပြီးအစားပျက်ပြီးမိုးလင်းအိပ်ရာထတာနဲ့အန်ပြီးတနေကုန်နုံးပြီးနေလို့မကောင်းအိပ်ရာထဲမှာပဲလှဲနေရတယ်ညဆိုဆီးခဏခဏထသွားပြီ အိပ်လို့ မရနဲ့ ပေါင်ချိန်လဲသိပ်မတက်သေးပါဘူး ကိုယ်ဝန်၁၄ပတ်ogနဲ့ရက်ချိန်းပြန်ပြတော့ကိုယ်ဆောင်အားဆေးနဲ့ဖောလစ်အက်ဆစ်၁နေ့၁လုံးစီသောက်ခိုင်းပြီးမေးခိုင်ကာကွယ်ဆေး၁လုံးထိုးပေးပါတယ် နောက်၁လပြန်ချိန်းပါတယ် ခုတော့စားလို့အရမ်းကောင်းနေပြီးအစာစားပြီးရင်နေလို့မကောင်းတော့ပြန်ဘူးကိုယ်အလေးချိန်လဲတက်လာပါပြီ ogကတော့နည်းနည်းနဲ့မကြာမကြာစားခိုင်းတယ်တခါတလေထိန်းပြီးစားနိုင်ရင်နေလို့ကောင်းပြီး မေ့ပြီအများကြီးစားမိတဲ့နေ့ဆိုရင်နေလို့မကောင်းတော့ဘူး နေ့ခင်းဘက်မအိပ်ရင်ညဆိုဆီး၂ခါလောက်ထသွားပြီး အိပ်လို့ရပါတယ် နေ့ခင်းအိပ်မိတဲ့နေ့ဆိုညဘက်အိပ်မရတော့ဘူး ဆီးပဲခဏခဏသွားနေရော အစားအစာကတော့ကျွဲကောသီး/မာလကာသီး/ဖရဲသီး/သရက်သီး /ပဲပြုတ်နဲ့ထမင်း/နွားနို့ ဒါပဲစားဖြစ်နေတယ် မက်မန်းသီးတို့ဆီးသီးတို့အရမ်းစားချင်နေတာဝမ်းပျက်မှာဆိုးလို့မစားရဲဘူး အီတဲ့အစားအစာခုထိမစားချင်သေးဘူး ခုတော့ကိုယ်ဝန်၄လထဲမှာပါ ကလေးလှုပ်တာတော့မခံစားမိသေးဘူး sexလဲမသိသေးဘူး သားလေးတော့လိုချင်မိ သမီးလေးဆိုလဲကြိုက်ပါတယ် ဗိုက်ကတော့တော်တော်ထွက်နေပြီသားဦးသမီးလေးတုန်းက၈ပေါင် ေကျာ်ခဲ့တော့ခု၄လနဲ့ဗိုက်ကတော်တော်တင်းပြီးနေလို့မကောင်းချင်ဘူး ခုလ၁၁ရက်နေ့ဆိုရင်ogနဲ့ပြန်ပြမဲ့ရက်ရောက်ပါပြီရှင် ကျမခုကိုယ်ဝန် ချင်ခြင်းတက်ခြင်းကတော့ဒီထိပဲရှိပါသေးတယ် ေကျးဇူးတင်ပါတယ်ရှင်"#storycompetition2022oct"
မှတ်ချက် 1ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မေမေရေ။ ဆုရရှိဖို့ Community ထဲမှာလည်း likeများများ ရပါစေနော်